Chapter 188

6.8K 1.1K 19
                                    

"ငါ့ကို လွှတ်စမ်း "

ရှောင်းဝူတန် အံတင်းတင်းကြိတ်ကာ အော်လိုက်တယ် ။ သူ့မျက်လုံးထဲက ရွံရှာမှု နဲ့ ခါးသီးမှုတွေက စကားလုံးတွေထက်ကို ကျော်လွန်နေတယ် ။

" မင်းစိတ်နဲ့ လာမနှိုင်းနဲ့ "

" မင်းက ဝန်မခံဘဲ ငါ့ကိုတောင် ပြန်ပြောနေတယ်ပေါ့ ..မင်းကိုယ်ပေါ် ရှာကြည့်ရမလား "

ထိုလူရဲ့ဝတ်စုံက ချာတူးလန် ။ ကြည့်ရတာ လူလား ခွေးလားတောင် မသဲကွဲဘူး ။ ဆံပင်ကိုလည်း အရည်အသွေးနိမ့် ခေါင်းလိမ်းဆီတွေလူးထားတာ ရွှဲအိုင်လို့ ။ တစ်ဗူးလုံး မှောက်ကျလာလား ထင်ရတယ် ။

သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိကြောင်း မပေါ်ပေါ်အောင် ဖော်ပြထားပေမယ့် ကြည့်လိုက်ရုံနဲ့ ရွံမုန်းစရာ ငစနူကောင်မှန်းတန်းသိ ။

ရှောင်းဝူတန် အံကြိတ်ကာ ဝိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးကို ဝေ့ကြည့်ပြီး လှောင်ပြောင်လိုက်တယ် ။

" ငါက မင်းပစ္စည်းကို ခိုးတယ်ပေါ့ .. ဒါဆို ရဲခေါ်လိုက်လေ ..လုပ်စမ်းပါ ..မင်းဘယ်လိုသက်သေပြမလဲ ငါ ကြည့်ပါဦးမယ် "

လုရန်က လူကြားထဲမှာညပ်ပြီး ကောင်းကောင်းမမြင်ရတာကြောင့် အတင်းတိုးတိုက်ကာ မြင်ကွင်းကောင်းမယ့်နေရာထိရောက်အောင် ရှေ့ဆက်တိုးလိုက်တယ် ။

ရှင်းရှင်းလင်းလင်းမြင်ရပြီးသကာလ သေသေချာချာကြည့်ရှုပြီးနောက်မှာ ရှောင်းဝူတန်နဲ့ စကားများနေသူကို သူ မှတ်မိသွားတယ် ။

ထိုလူက ရှောင်းဝူတန်မိထွေးရဲ့ မောင် ။

သူက အနည်းငယ် ကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့ အဖြောင့်တစ်ယောက်ဖြစ်ပေမယ့် နေရင်းထိုင်ရင်း ဘဝင်လေဟပ်ကာ အောက်ခြေလွတ်နေသူ ။

ထိုလူက ရှောင်းဝူတန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြက်လုံးတစ်ခုကို ကြားလိုက်ရတဲ့အလား တဟားဟားအော်ရယ်လိုက်ပြီးမှ

" လူကြီးမင်းတို့ရေ ဒီလူကို ကြည့်စမ်းပါဦးဗျာ .. သူခိုးက လူပြန်ဟစ်လို့ ! ..ခင်ဗျားတို့ ဒီလူကို မှတ်ထားကြနော် ..သူက ဒီမောလ်မှာ တံမြက်စည်းလှည်းတဲ့လူ ..နောက် သူနဲ့‌ေတွ့ရင် ဝေးဝေးရှောင်ပြီး ခင်ဗျားတို့ ပစ္စည်းတွေ အခိုးမခံရအောင် ဂရုစိုက်ကြဦးဗျို့ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now