Chapter 160

8K 1.3K 82
                                    

လုရန် နဲ့ လုရန်းက WeChat ကတစ်ဆင့် အပြန်အလှန်အီစီကလီရိုက်ပြီးနောက် အတူတူနေဖို့ ဆုံးဖြတ်လိုက်ကြတယ် ။
အိမ်ပြောင်းတဲ့နေ့မှာ ခမ်းခမ်းနားနား ဒိတ်လေးလုပ်ဖို့လည်း ဆုံးဖြတ်ထားကြတယ် ။

ဒီ,ဒိတ် ပြီးရင် အရွယ်ရောက်သူတွေသာကစားကြတဲ့ အိပ်ရာထက်က ဂိမ်းလေး ကစားကြမယ်ဆိုတာတော့ နှစ်ယောက်သား ဖွင့်ဟမပြောဘဲ အလိုလိုနားလည်နေပြီးသား ။

“ လုရန်းက ‌ပြောတယ်”

လုရန်က အဝတ်‌သေတ္တာတစ်လုံး နဲ့ အိတ်တစ်လုံးကိုသယ်ထားပြီး ရှက်‌သွေးလေးက ဖြာနေသေးတယ် ။

“ ငါနဲ့စ‌တွေ့တုန်းက သူ့လည်း ငါ့အပေါ် နည်းနည်းတော့ စိတ်ဝင်စားခဲ့ပါတယ်တဲ့..ဒါပေမယ့် သူက အလျင်စလိုဆုံးဖြတ်တတ်သူမဟုတ်ဘူးတဲ့...သူနဲ့ တစ်ဘဝလုံး ရေရှည်လက်တွဲသွားမယ့်သူကိုသာ အမြဲစောင့်မျှော်နေခဲ့တာပါတဲ့...ဒါကြောင့် ဇွဲရှိရှိနဲ့ တစ်နှစ်လုံးလုံးလိုက်ခဲ့တဲ့ငါလေးက ပြိုင်ဘက်မရှိ တစ်ဦးတည်း ပန်းဝင်သွားသူလေးပေါ့ကွာ ”

ဖုန်းတစ်ဘက်က ယုပေါ်ယွင်လေး ခပ်ကြိတ်ကြိတ်ရယ်မိတယ် ။

“ ဒါဆို မင်း RS ချိတ်နိုင်ခဲ့ပြီပေါ့ ”

“ ဒါပေါ့ကွ”
လုရန်က ဂုဏ်ယူဝံ့ကြွားစွာ သူ့ရင်ဘတ်သူပုတ်ပြီး

“ ဒီလောက်ချစ်စရာကောင်းတဲ့ မင်းရဲ့ ရန် ကိုကိုလေးကို ဘယ်သူက ပစ်ပယ်မှာလဲ ”

“ မင်း အသက်ရှူသံတွေပြင်းနေသလိုပဲ...မင်း အခု ဘာလုပ်နေတာလဲ”

လုရန်က လုရန်းရဲ့ ဇိမ်ခံကားထဲ အဝတ်သေတ္တာကို ထည့်လိုက်တယ် ။

“ ငါလား အိမ်ပြောင်းနေတာလေ.. အတူတူနေဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အတူတူနေလို့ရမယ့်အိမ်ကို ပြောင်းရမှာပေါ့ ..ငါတို့ ခံစားချက်တွေက ခဏတာ သာယာတာမျိုးမှမဟုတ်တာ...ငါတို့ လေးလေးနက်နက်နဲ့ ဆုံးဖြတ်ခဲ့ကြတာ..ခုကစပြီး ကိုယ်ချစ်တဲ့လူနဲ့ ဘဝကို ကောင်းကောင်းရှင်သန်ရမယ်လေကွာ”

“ ကောင်းတယ် ! ကောင်းတယ် !”
ယုပေါ်ယွင်က ခေါင်းညိတ်ပြီး
“ ကောင်းလိုက်တာ ...မင်းက ကောင်းမွန်တဲ့ဘဝနဲ့ နေရပြီ..ဒါနဲ့ မင်းလုပ်ချင်တာတစ်ခုခုရှိရင် ငါ့ဆီလာခဲ့နော်...ငါက မင်းရဲ့ အမေ..........ရဲ့ မိသားစုလို့ ပြောတာ ”

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now