Chapter 172

6.4K 1.3K 17
                                    

တုဟိန် နဲ့ ယုပေါ်ယွင်က သားအကြောင်း သမီးအကြောင်း ခဏတဖြုတ် စကားစမြည်ပြောပြီး အသီးသီးနှုတ်ဆက်ကာ ထွက်ခွာလာစမှာပဲ တုဟိန်က ရုတ်တရက် လှမ်းခေါ်လိုက်ပြန်တယ် ။

ယုပေါ်ယွင်က တုဟိန်အနားကို ပြန်လျှောက်သွားကာ မရေမရာ မေးတယ် ။

" ဘာဖြစ်လို့လဲ "

တုဟိန် ခဏလောက် တွေဝေနေပြီးမှ
" မင်း ဆရာမ ကျန်းကို မှတ်မိသေးလား "

" မစ် ကျန်း "
ဒီနာမည်ကို ရေရွတ်လိုက်ချိန်မှာ ယုပေါ်ယွင်အသံက နူးညံ့ညင်သာပြီး မျက်နှာလေးက ပြုံးနေခဲ့တယ် ။

" ကျိန်းသေကို မှတ်မိနေတာပေါ့ကွာ..ဘယ်တော့မှ မေ့မသွားဘူး "

မစ်ကျန်းက သူတို့အထက်တန်းကျောင်းတုန်းက သင်္ချာဘာသာရပ်သင်တဲ့ ဆရာမတစ်ယောက် ။ သူမက အရမ်းစိုးရိမ်စိတ်များပြီး ဒေါသကလည်းကြီးသေးတယ် ။ အတန်းထဲမှာလည်း စည်းကမ်းတင်းကြပ်လွန်းတယ် ။ ဆရာတစ်ယောက်ရဲ့ဝတ္တရားကျေပွန်လွန်းပြီး အလုပ်ပေါ်မှာ တာဝန်သိစိတ်ရှိလွန်းသူလည်းဖြစ်တယ် ။ ရံဖန်ရံခါဆိုသလို မအိပ်မနေအသက်ရှည်ထုံးကို နှလုံးမူပြီး ကျောင်းသားတွေအတွက် သင်ခန်းစာတွေကြိုတင်ပြင်ဆင်တာမျိုး ၊ အိမ်စာတွေ ပြောင်းလဲတာမျိုးလည်း လုပ်လေ့လုပ်ထရှိတယ် ။  သူမကို ကြည့်လိုက်ရင် ကြမ်းတမ်းခက်ထန်တဲ့ပုံနဲ့ ။ သူမက ဓားထက်ထက်တစ်ချောင်းနဲ့ အလားသဏ္ဌာန်တူတယ် ။

ဒါပေမယ့် ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်နေပါ‌စေ သူမကျောင်းသားတွေအပေါ်တော့ စိတ်ရင်းစေတနာအပြည့်ထားနိုင်လွန်းသူ ။ သူမကျောင်းသားလေးတွေရဲ့ အနာဂတ်တောက်ပရေး သူမအရေးလို့ သတ်မှတ်ထားသူ ။ ယုပေါ်ယွင်က အချိန်ပိုင်းအလုပ်ပေါင်းများစွာတစ်ဖက်နဲ့ ကျောင်းတက်နေရတာ သူမသိပြီးနောက် ယုပေါ်ယွင်ရဲ့ ကျောင်းလခ ၊ ကျူရှင်လခတွေကို ဘယ်သူမှမသိအောင် ကူညီထောက်ပံ့ပေးခဲ့တယ် ။ ဒါပေမယ့် သူမက ဒီအကြောင်းကို တစ်ခွန်းတစ်လေတောင် မဟခဲ့ဘူး ။

နောက်ပိုင်း ယုပေါ်ယွင် အခြေတကျအလုပ်ရပြီးတော့မှ သူမကို ပိုက်ဆံပြန်ပေးနိုင်ခဲ့တယ် ။ တစ်နှစ်ကို အနည်းဆုံး သုံးခေါက်လောက်တော့ သူမဆီ မပျက်မကွက် သွားလည်ခဲ့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now