Chapter 130

9K 1.6K 144
                                    

ယုပေါ်ယွင် ဖုန်းစခရင်ကို စိုက်ကြည့်ရင်း သူ့တစ်ကိုယ်လုံး တုန်ရင်နေတယ် ။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး Hot search ကို မရဲတရဲလေးနှိပ်လိုက်တယ် ။

သူ့မျက်စိထဲဝင်လာတာက ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ကုကျားယွဲ့လေး ပုံ ။ ကံအားလျော်စွာပဲ ကုပေါက်လေးမျက်နှာက သိပ်ရှင်းရှင်းလင်းလင်း ပေါ်မနေဘူး ။

စိုးရိမ်သောကတွေနဲ့ သတင်းတွေကို အောက်ဆွဲချရင်း ဒီ အကြောင်းကို ဘယ်အကောင့်က စ,တင်လိုက်တာလဲဆိုတာ ရှာဖွေနေမိတယ် ။ တကယ်တော့ ဓာတ်ပုံတင်မကဘဲ video အတိုလေးတစ်ခုပါ တင်ထားတာ ။ ဒီအကောင့်ပိုင်ရှင်က ဓာတ်ပုံ နဲ့ video ကို ဘယ်နေရာကနေများ ရသွားသလဲတော့ သူ မသိဘူး ။

copy လုပ်ပြီးတင်ထားတဲ့ အကြောင်းအရာက .....

အရမ်းကို စက်ဆုပ်ရွံရှာဖွယ်ပဲ..ယောက်ျားကြီးတစ်ယောက်က ကလေးမွေးတယ် တဲ့..
ဘယ်သူတွေကများ သူတို့ကိုလက်ခံနိုင်ကြပါလိမ့် ?!....
ဘယ်ယောက်ျားက သူ့ရဲ့ ပုံမှန်ယောက်ျားဘဝကို စွန့်လွှတ်ပြီး ကလေးမွေးလို့လဲ...
သူတို့က မွေးဖွားလာတဲ့ကလေးကရော ထူးထူးဆန်းဆန်းဖြစ်မနေဘူးလား...
ကဲ ကဲ သူတို့ရဲ့ လျှို့ဝှက်ချက်ကို အတူတူ ဖော်ထုတ်ကြရအောင် !

ယုပေါ်ယွင်က အေးစက်တုန်ရင်နေတဲ့လက်နဲ့ video ကို နှိပ်ပြန်တယ် ။

video က ပကတိအတိုင်းရှိနေတာ မဟုတ်ဘူး ။ video ရဲ့အောက်မှာ မကောင်းတဲ့ ထင်မြင်ချက်တွေ ၊ ကြမ်းတမ်းတဲ့ မှတ်ချက်တွေ ၊ ခါးသီးဖွယ်ရာ ထေ့လုံးငေါ့လုံးတွေအပြည့်ပဲ ။

ဒါကိုတင်တဲ့အကောင့်ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေး ။ သူများကို တို့မီးရှို့မီးလုပ်ပြီး လူတကာရဲ့ အာရုံစူးစိုက်မှုကို လိုချင်တာ ။

ဘာက ပိုမုန်းစရာကောင်းလဲဆိုတာကို အကောင့်ပိုင်ရှင်က ကောင်းကောင်းကြီးသိပုံရတယ် ။ ဒါကြောင့်လည်း Weibo မှာ ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး တင်လိုက်တာပေါ့ ။ သူ တင်ထားတဲ့ စာကိုဖတ်ကြည့်ရုံနဲ့ သိနိုင်တာပဲလေ ။ လူတွေကလည်း အမုန်းတရားတွေနဲ့ ဝင်ရောက်ဆွေးနွေးကြ ၊ ရွံရှာစိတ်တွေနဲ့ ကဲ့ရဲ့ပြစ်တင်ကြ ၊ မကောင်းတဲ့ မှတ်ချက်တွေ ပေးကြနဲ့ တကယ့်ကို ပွဲတော်ကြီးတစ်ခုလိုပဲ ။ အကောင့်ပိုင်ရှင်အနေနဲ့တော့ သူတပါးရဲ့ အားနည်းချက်ကို ခုတုံးလုပ်ပြီး အကျိုးအမြတ်အကြီးကြီး ရသွားပြီပေါ့ ။ ဒီ video လေးကို တပ်မနဲ့ကိုချီပြီး forward လုပ်ကြ ၊ copy နေလိုက်ကြတာ
အချိန်ပိုင်းလေးတစ်ခုတွင်းမှာတင် Hot search ရဲ့ List ထိပ်ဆုံးထိ အရှိန်အဟုန်နဲ့ကို ထိုးတက်သွားတော့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now