Chapter 256

2.6K 414 2
                                    

ပြီးခဲ့တဲ့ တစ်လလုံး အကောင်းကြီးကနေ ကုဖုန်းက ရုတ်တရက် အလုပ်တွေထများတယ် ။ ဒါကို ယုပေါ်ယွင် သတိထားမိခဲ့တယ် ။

အချိန်ရတာနဲ့ သူ့အနား ပက်ကျိတစ်ကောင်လို ခွာမရအောင် အတင်းလိုက်ကပ်ပြီး နှောင့်ယှက်နေတဲ့လူက အဲ့ဒီတစ်လလုံး သူ့ဆီ အရောက်အပေါက်ကျဲကာ မျက်နှာတောင် မမြင်ရသလောက်ပဲ ။ အိမ်မှာလည်း မျက်နှာချင်းဆိုင်ချိန်တောင် မရှိဘူး ။

ယုပေါ်ယွင်က ကုအိမ်တော်ရဲ့ လေသာဆောင်မှာရပ်ပြီး ဘယ်ဆီဘယ်ဝယ်ထွက်သွားမှန်းမသိတဲ့ ကုဖုန်း ကားနောက်မြီးကို ကြည့်နေခဲ့တယ် ။ ဒါက အိမ်ပြန်လာပြီးမှ နောက်တစ်ခေါက် ပြန်ထွက်သွားတာ ။ ယုပေါ်ယွင်ရဲ့ခံစားချက်တွေ ရှုပ်ထွေးနောက်ကျိလာတယ် ။

ကုဖုန်းကို သူ မေးချင်ခဲ့တယ် ။ ဒါပေမဲ့ ဘာ‌ကြောင့်ရယ်မသိ စကားလုံးတွေက လည်ချောင်းဝမှာတင်တစ်ပြီး အပြင်ထိ ထွက်မလာနိုင်ခဲ့ဘူး ။

သူတို့အတူတူပြန်နေတာ တစ်လပဲ ရှိသေးတယ် ။ တစ်‌ယောက်နဲ့တစ်ယောက် ဘယ်သွား‌တယ် ဘယ်လာတယ်ကအစ မေးမြန်းစူးစမ်းဖို့ရာ သင့်တော်ပါ့မလား ။

သူတို့နှစ်ယောက် ချစ်စခင်စကြင်နာစ ပြန်ဖြစ်နေတာ တကယ်ကို တစ်လလေးပဲ ရှိပါသေးတယ် ။ ကုဖုန်းက .... ဖြစ်နိုင်တာက ..... တဖြည်းဖြည်း ပင်ပန်းလာလို့များလား ....??။

ယုပေါ်ယွင်နှလုံးသားလေး အနည်းငယ် နာကျင်ရပြန်တယ် ။

ထို့နောက် အိပ်ခန်းထဲပြန်ဝင်လာကာ ထသွားထလာ အဝတ်တစ်စုံလဲပြီး ပုခက်ထဲက ကုပေါက်စကိုချီ၍ ချော့မြှူပြီးသကာလ သူလည်းပဲ ကားတစ်စီးနဲ့ ဆိုင်ကိုထွက်လာခဲ့တယ် ။

ဆိုင်ရှေ့မှာ ကားပါကင်ထိုးပြီး သားတော်မောင်ကိုချီကာ ယုပေါ်ယွင် ဆိုင်ထဲ ဝင်လာခဲ့တယ် ။

တံခါးဝမှဘဲလ်သံသာသာလေးမြည်သံကြောင့် စားပွဲခုံသုတ်နေတဲ့ ရှုကျဲကျဲ လှည့်ကြည့်တယ် ။

သူတို့ရဲ့ ဘော့စ်ပေါက်စနဲ့ ဘော့ပေါက်စရဲ့သား ဘော့စ်ပိစိကိုမြင်တော့ အပြုံးတောက်တောက်လေးနဲ့ ဆီးကြိုနှုတ်ဆက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now