Chapter 134 + 135

9.7K 1.6K 62
                                    

မန့်မန့်လုံဘက်က တိတ်ဆိတ်သွားတယ် ။

"တကယ်လား "

"အင်းပေါ့ "
ဆောင်းရာသီရဲ့ နေခြည်နွေးနွေးလေးက ပိုင်ရှီရှန်းမျက်ဝန်းလေးထဲမှာ အလင်းပြန်ပြီး ​ကြယ်လေးတွေအလား တောက်ပလို့ ။
"ဘဝတစ်သက်တာလုံး အလုပ်တွေချည်းပဲ ဖိလုပ်နေခဲ့မိတာ..တကယ်တမ်းတွက်ကြည့်ရင် ကျွန်တော် အရမ်းပင်ပန်းနေပြီ..ခဏတဖြုတ်လောက်တော့ စိတ်အေးလက်အေးလေး အနားယူချင်တယ် ...ကျွန်တော် သေချာစဥ်းစားပြီး အစီအစဥ်တွေချနေတာလည်းရှိတယ်... "

"ကိုယ့်ရှန်းရှန်းလေးက ဘာတွေများ စဥ်းစားနေတာလဲ "
ဖုန်းတစ်ဖက်က မန့်လုံမျက်နှာက ပြုံးရွှင်လို့ ။
"မင်းယောက်ျားမှာ ပိုက်ဆံတွေအများကြီးရှိပါတယ်ကွ...နှစ်ပေါင်းများစွာ ကိုယ်ရှာဖွေလာသမျှအားလုံးက မင်းလေးအတွက်ပဲ...ဘာမှစိုးရိမ်နေစရာ မလိုဘူး..
ဘာမှလည်း ဟိုတွေးဒီတွေး တွေးပူမနေနဲ့...မင်းလေးသာ ဆန္ဒရှိမယ်ဆိုရင် မင်းတစ်ဘဝလုံး အနားယူနေလည်းရတယ်..မင်းလေး ပျော်ရွှင်စေဖို့က ကိုယ့်တာဝန်ပဲ "

"​ခြွေနေလိုက် ခင်ဗျား! "
ပိုင်ရှီရှန်းလေး ဟက်ထိသွားတယ် ။
"အပြောမကြီးနဲ့ဦး..ကျွန်တော် အိမ်မှာ ပျင်းတိုင်း ခင်ဗျားကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေမှာနော် ဟွန်း! ..ဒါဆို ကျွန်တော် ဒီနေ့ သိမ်းစရာရှိတာလေးတွေသိမ်းပြီး အိမ်ပြန်လာခဲ့မယ်..နောက်ဆက်တွဲကိစ္စလေးတွေ ရှင်းပြီးရင် ဘယ်အချိန်ပြန်လာမလဲဆိုတာ ခင်ဗျားကိုပြောမယ် "

ပိုင်ရှီရှန်း ဖုန်းချပြီး သူ့ရုံးခန်းလေးရှိရာကိုပြန်လာခဲ့တယ် ။

ဒီရုံးခန်းလေးထဲမှာ နေ့နေ့ညည သူ နေခဲ့တာ ။ အချိန်တွေ အကြာကြီးမှ အကြာကြီး ။
ဆေးကျောင်းဆင်းပြီး အလုပ်သင်ဆရာဝန်ဘဝတည်းက နေခဲ့တဲ့ သူ့ရဲ့ ဒုတိယအိမ်လေး ။ ဒီနေရာလေးကနေ ခွဲခွာရမှာကို သူ မခံစားရဘူးဆိုရင် အဲ့ဒါ သူလိမ်နေတာပဲ ။

အခန်းလေးရဲ့အလယ်မှာရပ်ပြီး ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်နေမိတယ် ။
တစ်ခန်းလုံးက သူနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ အငွေ့အသက်တွေချည်း ။

ပြီးတော့ တဆက်တည်း သူ့မှတ်ဉာဏ်ထဲပြန်
ပေါ်လာတာက...အလုပ်သင်ဆရာဝန်ဘဝ စပါပြီဆိုတည်းက နေ့တိုင်း နေ့တိုင်း စောစောထခဲ့ရပြီး ညတိုင်းညတိုင်း အိပ်ရာဝင်နောက်ကျခဲ့ရတာတွေ ၊ တစ်ခါတစ်လေ နိုက်ဂျူတီ နဲ့ ဒေးဂျူတီ ဆက်သွားပြီး ၂၄ နာရီလုံး တစ်မှေးတောင် မမှေးခဲ့ရတာတွေ ၊ ကိုယ့်ကိုယ်ကိုယ်ထက် လူနာတွေရဲ့ သေရေးရှင်ရေးက ပိုအရေးကြီးနေခဲ့တာတွေ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now