Chapter 267

2.4K 361 2
                                    

" ငါ ဘယ်မှာ လိမ်ပြောလို့လဲ "
ကျန်းဟောင်က လိခေးကို ညင်သာစွာ ပြန်ဖက်ထားပြီး သူ့အသံက လှိုင်းကြက်ခွပ်လေးပမာ ချိုအီညံ့သက်လျက် ။

လေဆိပ်အပြင်မှ လေအေးတွေက သူတို့နှစ်ယောက်ကို ဖြတ်သန်းတိုက်ခတ်နေဆဲ ။ သူတို့ပတ်ဝန်းကျင်မှာတော့ လေဆိပ်ထဲ ဝင်လာသူ ၊ လေဆိပ်ထဲက ထွက်သွားသူများနဲ့ ပျားပန်းခတ်လို့ ။ တချို့က ပျော်ရွှင်နေကြပြီး တချို့က ဝမ်းနည်းပူဆွေးနေကြတယ် ။

" အသက်တစ်နှစ်ကြီးသွားပြီကွ .. မင်း သိရဲ့လား "
လိခေး မျက်လုံးတွေက ယုန်လေးတစ်ကောင်လို နီရဲနေတုန်း ။

" ငါ သိတာပေါ့ "
ကျန်းဟောင်မျက်နှာက မသာမယာ ဖြစ်လာတယ် ။

" မင်းကို စောင့်ခိုင်းမိတာ တောင်းပန်ပါတယ်ကွာ .. ငါလည်း နှစ်ဝက်အလိုလောက်တည်းက စိတ်မရှည်ဖြစ်နေခဲ့တာပါ "

လိခေး ဟွန်းခနဲ နှာမှုတ်လိုက်တယ် ။

" အဲ့ဒီအချိန်က မင်း ငါ့ကို တစ်ပတ်တိတိ မဆက်သွယ်ခဲ့ဘူး .. မင်း သိလား ?? အဲ့အချိန်က မင်းရဲ့ အုတ်ဂူပေါ်မှာ ဘယ်လိုအပင်မျိုးစိုက်ရမလဲလို့တောင် ငါ တွေးနေတာကွ "

ကျန်းဟောင်မျက်နှာကြီး အေးခဲသွားတယ် ။

" ခွေးကောင် ! မင်း လူလိမ် ! လူညာ !"

လိခေးဟာ မျှော်လင့်ချက်ပျက်သုဉ်းချိန်မှာ ကျန်းဟောင်ပြန်လာတာနဲ့ ရုတ်တရက် ကြုံလိုက်ရတာကြောင့် ဝမ်းသာဝမ်းနည်းဖြစ်ပြီး လက်တွေ့ကျကျ ဘာမှမတွေးနိုင်တော့ဘူးနဲ့ တူပါတယ် ။ သူ့စိတ်ထဲ ရှိသမျှ အိတ်သွန်ဖာမှောက် အကုန် ဖွင့်ထုတ်ချနေတော့တယ် ။

သူ့ကိုယ်သူ ကျန်းဟောင်ရင်ခွင်ထဲ ပစ်ဝင်ပြီး လွမ်းဆွတ်ခဲ့ရသမျှ အတိုးချကာ ကျန်းဟောင်ကို မကျေမနပ် ဆူပူနေတာလည်း သတိမထားမိဘူး ။

ကျန်းဟောင်ကတော့ လိခေးကြိုက်သလောက် ဆူပူခွင့် ပေးထားခဲ့တယ် ။

တကယ်တော့ သူ့အမှားတွေချည်းပဲလေ ။

သွေးသောက်ညီအစ်ကိုကို အိပ်ရာထဲဆွဲသွင်းခဲ့တာလည်း သူပဲ ။ အဖြောင့်လေးတစ်‌ယောက်ကို အကြိမ်ကြိမ် ပြီးမြောက်စေခဲ့ပြီး မကွေးကွေးအောင် လုပ်ခဲ့တာလည်း သူပဲ ။ စားပြီးနားမလည်လုပ်ကာ တစ်နှစ်လုံးလုံး ပစ်ထားခဲ့တာလည်း သူပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now