Chapter 127

10.1K 1.6K 134
                                    

ကျန်းဟောင်စကားကြားပြီး ဝုန်းခနဲနေအောင် ကုဖုန်း ထရပ်လိုက်တယ် ။
"မရဘူး! "

ကျန်းဟောင် မျက်ခုံးပင့်လိုက်တယ် ။
"အိုး! ဘာလို့မရဘူးလဲ "

ကုဖုန်း စိတ်ဆိုးလွန်းလို့ မျက်နှာတစ်ပြင်လုံး မည်းမှောင်နေတယ် ။
"ဒါက ကု မိသားစုရဲ့ သားကွ...
ဘာ ခေါင်းကိုင် မိခင် ဖခင်မှ ရှိစရာမလိုဘူး "

"အရမ်းကြီးတွေ အတည်မယူပါနဲ့ဗျာ "
ကျန်းဟောင် ရယ်လိုက်တယ် ။
"ဒါက မျိုးရိုးနာမည်တစ်ခုပဲကို..နောက်တော့လည်း ကျွန်တော်တို့ပါ ဝိုင်းပြီး စောင့်ကြပ်ကြည့်ရှုပေးရမှာပဲလေ ..ယွင်လေးရဲ့ကလေးမို့ကျွန်တော်က တန်ဖိုးထားတယ် "

ကျန်းဟောင်က တဆက်တည်း ကုကျားယွဲ့လေးရဲ့ တင်းပြောင်ဖောင်းအစ်နေတဲ့ပါးလေးကို ငုံ့နမ်းလိုက်လေတယ် ။

"ကျန်းအာ... မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ...ဒါပေမယ့် အဲ့ဒါတွေက ငါ့အတွက် မလိုပါဘူးကွာ..ငါ့သားလေးကို ငါတစ်ယောက်တည်း ကောင်းကောင်းပျိုးထောင်နိုင်ပါတယ် "

ကုဖုန်း အမူအရာက ပျော့ပျောင်းသွားပြီးထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ် ။

ကု မိသားစု နဲ့ မန့် မိသားစုက လေးနက်တဲ့ ဆက်ဆံရေးတွေရှိပြီး နောင်တစ်ချိန်မှာ ဒီမိသားစုနှစ်ခုလုံးက ကုကျားယွဲ့လေးအတွက် ခိုင်မာတဲ့နောက်ခံအင်အားဖြစ်လာလိမ့်မယ်။
ဒါက သံသယဖြစ်ဖွယ်ရာမရှိတဲ့ အမှန်တရားတစ်ခု ။

တစ်ချိန်တည်းမှာပဲ ကုကျားယွဲ့လေး မွေးဖွားလာပြီဆိုတာကို မြို့တော်ရဲ့အထက်တန်းလွှာအသိုင်းအဝိုင်း နဲ့ သူကျင်လည်ရာ စီးပွားရေးနယ်ပယ်မှာ မသိသူ မရှိလောက်ဘူး ။ ဂုဏ်သရေရှိ အိမ်တော်ကြီးတွေ ၊ အောင်မြင်ကျော်ကြားတဲ့ ကုမ္ပဏီကြီးတွေကြားမှာ ကုအိမ်တော် နဲ့ မန့်အိမ်တော်ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးအကြောင်းကို အားလုံးသိကြတယ် ။ ချမ်းသာကြွယ်ဝပြီး ဂုဏ်ရှိန်ကြီးတဲ့ ဒီမိသားစုနှစ်ခုက ကုကျားယွဲ့လေးနောက်မှာ တံတိုင်းကြီးတစ်ခုလို မားမားမတ်မတ်ရပ်တည်နေမှတော့ ကုကျားယွဲ့လေးရဲ့ အနာဂတ်ခရီးလမ်းက ဘယ်မှာမဖြောင့်ဖြူးပဲနေပါ့မလဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now