Chapter 124

12.6K 1.8K 72
                                    

ဒီရက်ပိုင်းတွေမှာ ကုဖုန်းတစ်ယောက် စိတ်ရောလူရော အတော်လေး ပင်ပန်းသွားခဲ့တာ ။ မမက်စဖူး အိပ်မက်ဆိုးတွေတောင်မက်လို့ ။

အိပ်မက်ထဲမှာ ဟိုးအရင့်အရင် အချိန်တွေကို ပြန်ရောက်သွားတယ် ။

အပြင်မှာလိုပဲ ယုပေါ်ယွင်က နှလုံးသားတစ်ခုလုံးပုံပေးပြီး သူ့ကို ချစ်နေခဲ့တာတဲ့ ။
ကိုယ်ဝန်လည်း မဆောင်ရသေးဘူး ။ ပြီးတော့ အရာအားလုံးက အဲ့ဒီကနေ စတာပဲ ။

သူ နဲ့ ယုပေါ်ယွင်တို့ စတွေ့ချိန်ကို ပြန်ရောက်နေတဲ့သူက ဟိုအရင်တစ်ချိန်ကလိုပဲ ယုပေါ်ယွင်အပေါ် အေးတိအေးစက်နဲ့ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံနေခဲ့တယ် ။

သူ့ဘေးမှာ ချန်းလင်လင်းကို နေစေခဲ့ပြီး
အကြောင်းပြချက်မရှိပါဘဲ တမင်သက်သက်ကို ယုပေါ်ယွင်ရှေ့မှာ ချန်းလင်လင်းနဲ့ နမ်းပြခဲ့တယ် ။ ပြီးတော့ ယုပေါ်ယွင်ရဲ့ နာကျင်ကြေကွဲမှုတွေနဲ့ ငိုချင်စိတ်ကို ထိန်းထားရလို့ နီရဲတွတ်နေတဲ့ မျက်လုံးတွေကို အရသာခံပြီး ကြည့်နေခဲ့တယ် ။

ပြီးတော့ အိပ်မက်ထဲမှာ သူ စကားတွေအများကြီးပြောနေခဲ့တာ ။ သူ ပြောသမျှတွေက

'မင်းက လူ့လောကမှာ မွေးကိုမွေးမလာသင့်တဲ့ ကောင်...ဘာမှသုံးစားမရတဲ့ အမှိုက်လိုကောင်...မင်းက လူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ.. ဝ မရှိဘဲ ဝိ လုပ်ပြီး ကိုယ့်အဆင့်အတန်းကိုယ်မသိတဲ့ကောင်စားမျိုး '

ပြီးတော့ အိပ်မက်ထဲမှာ ယုပေါ်ယွင်က သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုပြီး ပြန်ပြောခဲ့တယ် ။
သူ ဒေါသတွေထွက်ပြီး ယုပေါ်ယွင်ကို ရိုက်နှက်ကန်ကြောက်ပစ်နေတာ ။ ပါးစပ်ကလည်း'မင်းက ဘာကောင်မို့ ငါ့ရင်သွေးကို လွယ်ထားရတာလဲ..မင်းလိုကောင်က ငါ့သွေးသားနဲ့ မထိုက်တန်ဘူး...ခုချက်ချင်း ဖျက်ချပစ်လိုက် ' ဆိုပြီး ဖိအားတွေပေးနေခဲ့တယ် ။

ကိုယ်ဝန်ဖျက်ချလို့ အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိနေတာတောင် သူကတော့ သူ့သွေးသားကို ယုပေါ်ယွင်လွယ်ထားရတာမျိုး လုံးဝခွင့်မပြုနိုင်ဘူး ။

အိပ်မက်ထဲမှာ ယုပေါ်ယွင်က နာနာကျင်ကျင် ကြေကြေကွဲကွဲကို ငိုနေခဲ့တယ် ။ ဒါပေမယ့် ယုပေါ်ယွင်မျက်လုံးက စီးကျလာတာက မျက်ရည်တွေမဟုတ်ဘဲ သွေးတွေ ။ အဲ့ဒါက သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now