Chapter 163

8.6K 1.5K 126
                                    

ဆေးရုံတစ်ရုံရဲ့ အရေးပေါ်ဌာနတွင်........

ယုပေါ်ယွင်က ဆေးရုံကုတင်ပေါ်မှာ လှဲနေပြီး
လက်၊ ခြေထောက် နဲ့ ခေါင်းမှာ ပတ်တီးအထပ်ထပ်စည်းထားရတယ် ။

"အရမ်းကြီး မထိခိုက်သွားပါဘူး "

ဒေါက်တာက ကျွန်ပျူတာကီးဘုတ်ရိုက်နေရင်း မျက်မှန်ကို ပင့်တင်ကာ ယုပေါ်ယွင်သောက်ရမယ့်ဆေးတွေ ညွှန်ကြားနေတယ် ။

"ဒဏ်ရာက အရိုးထိမသွားဘူး..ကြွက်သားရယ် အရွတ်ရယ်ပဲ ထိသွားတာ..ပိုးသတ်ပြီး ပတ်တီးစည်းလိုက်ရင် ရပါပြီ..ဆေးရုံကို လာစရာမလိုတော့ပါဘူး...မကြာခင် လေ့ကျင့်ခန်းတောင်ဆင်းလို့ရပြီဗျ "

ယုပေါ်ယွင်နှာခေါင်းထဲမှာ ပိုးသတ်ဆေးနံ့တွေသာပြည့်နေတာကြောင့် နှာခေါင်းရှုံ့ကာ

"ကျေးဇူးတင်ပါတယ် ဒေါက်တာ "

"ကောင်းပါပြီ "

ဒေါက်တာက မျက်မှန်ကိုချွတ်ကာ နံဘေးမှာ တင်လိုက်ပြီး

"မမေ့နဲ့နော်..အခု လတ်တလောတော့ မင်းဘာသာ လှုပ်ရှားလို့မရသေးဘူး..မင်းမိသားစုဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် တစ်ယောက်ယောက်ကို ကူညီခိုင်း...မဟုတ်ရင် မင်းဒဏ်ရာက ပိုဆိုးသွားလိမ့်မယ်..အဲ့ကျရင် ပျောက်ကင်းဖို့က လိုတာထက် ပိုကြာသွားမှာ... "

ယုပေါ်ယွင် ပြန်မဖြေပေမယ့် ကုဖုန်းက လေးလေးနက်နက် ခေါင်းညိတ်ကာ

"ဟုတ်ကဲ့...ကျွန်တော် နားလည်ပါပြီ...မှာချင်တာ ရှိသေးလားခင်ဗျ "

"ကြိုတင်ကာကွယ်ရမှာတွေ ကျွန်တော် ပြောပြီးပြီလေဗျာ..ကျန်တာ လူနာဘက်က လိုက်နာဖို့ပဲ လိုတော့တာ"

ကုဖုန်းက တစ်ကိုယ်လုံးနီးပါး ပတ်တီးအထပ်ထပ်နဲ့ သနားချင့်စဖွယ်လေးဖြစ်နေတဲ့ ယုပေါ်ယွင်ကို ကြည့်ပြီး

"ပြန်ကြရအောင်နော်..ကိုယ် မင်းကို ကုန်းပိုးသွားမယ် "

ယုပေါ်ယွင် လက်မခံချင်ပေမယ့် ဒေါက်တာ့အမှာစကားကို ​ပြန်ကြားပြီး ငြိမ်နေလိုက်ရတယ် ။

အချိန်ကလည်း အတော်လေးနောက်ကျနေပြီဖြစ်တာကြောင့် လတ်တလောမှာ တာဝန်ကျဆရာဝန်နဲ့ ကုဖုန်းသာ ရှိတယ် ။ ဆရာဝန်ကိုလည်း အကူအညီတောင်းလို့မကောင်းတာကြောင့် ကုဖုန်းကို ကုန်းပိုးခိုင်းရုံက​လွဲပြီး .....။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now