Chapter 146

8.1K 1.5K 116
                                    

ကျန်းဟောင်မျက်လုံးတွေက စိတ်အားထက်သန်လွန်းလှစွာ တောက်ပနေတယ် ။
ယုပေါ်ယွင် အဲ့ဒီမျက်လုံးတွေကိုကြည့်ပြီး ခေါင်းသာခါပြလိုက်တယ် ။

ကုလားအုပ်တစ်ကောင်လိုလည်း လေးလေးနက်နက်တွေ သူ မတွေးချင်ခဲ့ဘူး ။
အဲ့ဒါကြောင့် ရိုးစင်းစွာနဲ့ ကျန်းဟောင်ကိုသာ ဆက်ပြောခွင့်ပြုလိုက်လေတယ် ။

"ငါ မင်းကို သဘောကျတယ် "
ကျန်းဟောင်က နူးညံ့မှုတွေဖိတ်ဖိတ်တောက်နေတဲ့မျက်ဝန်းအစုံနဲ့ ယုပေါ်ယွင်ကို တည့်တည့်ကြည့်ပြီး လေးလေးနက်နက်ဆိုတယ် ။
"မင်းနဲ့ဆုံတွေ့ပြီးချိန်တည်းက ငါ မင်းအနားကို အချိန်တိုင်း ချဥ်းကပ်ဖို့ ကြိုးစားနေခဲ့တာ..ဘာကြောင့်လို့ဆိုတော့ မင်းကို သဘောကျလို့..မင်းနဲ့အတူတူ ရှိနေချင်မိလို့ "

ယုပေါ်ယွင် နှုတ်ခမ်းတင်းတင်းစေ့ပြီး ခေါင်းညိတ်တယ် ။ ပြီးမှ
"ဒါဆို မရေမတွက်နိုင်တဲ့ ကော်ဖီတွေက......."

"ငါ ကော်ဖီကို တယ်ကြိုက်တာပါ "
ကျန်းဟောင်တစ်ယောက် ကိုးရိုးကားရားနိုင်စွာ သူ့ခေါင်းသူကုတ်ရင်း
"မင်းကိုလည်း အမှန်တကယ် သဘောကျမိတာပါကွာ "

"ငါ"
ယုပေါ်ယွင်အသံက တိုးသဲ့စွာ ။
ပြီးတော့ သူ့လက်ထဲမှာ အိပ်မောကျနေတဲ့ ကုကျားယွဲ့လေးကို ငုံ့ကြည့်ပြီး
"ငါ့မှာ ကလေးနဲ့လေ "

"ငါ ဂရုမစိုက်ဘူး! "
ကျန်းဟောင် ခေါင်းခါတယ် ။
သူ့မျက်နှာထက်မှာ အပြုံးရေးရေးလေးထင်ကျန်နေဆဲဖြစ်ပြီး အဲ့ဒီအပြုံးလေးကပဲ သူ့ကိုပိုပြီး ချောမောခန့်ညားစေတယ် ။

"ငါ ဂရုစိုက်တာ မင်း...မင်းတစ်ယောက်တည်းကိုပဲ..ဒီကလေးက မင်း နဲ့ ကုဖုန်းရဲ့ သွေးသားဆိုတာ ငါသိတယ်လေကွာ..ဒါပေမယ့် အဲ့ဒီအတွက်တော့  ငါ့မှာ ဘာမနာလိုမုန်းတီးမှုမျိုးမှ မရှိဘူး...ငါ တွေးတာက မင်းသာ ငါနဲ့အတူရှိနေမယ်ဆိုရင် ငါ့အတွက် လုံလောက်နေပြီလို့...မင်းက မင်းဖြစ်နေရင် ရပြီမို့ ကျန်တာတွေကို ဂရုစိုက်နေစရာ မလိုတော့ဘူးလို့"

ယုပေါ်ယွင် စိတ်ကသိကအောက်ဖြစ်မိတယ် ။ လေထုအနေအထားက တကယ်ပဲ သူ့အတွက် မသက်မသာ ။ နားထင်စပ်လေးကို ခပ်ဖွဖွ ကုတ်ပြီး

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now