Chapter 141+142

9.3K 1.6K 128
                                    

ယုပေါ်ယွင်နဲ့ ပိုင်ရှီရှန်းက လန်ဒန်ကို ချောချောမောမော ရောက်ရှိသွားတယ် ။
လန်ဒန်မှာရှိနေတဲ့တစ်ယောက်က ဟိုတယ်ငှားတာကအစ လျင်လျင်မြန်မြန်ပဲ စီစဥ်ပေးသွားတာကြောင့် သူတို့တစ်ဖွဲ့လုံး ရေကန်အသင့် ကြာအသင့် ။

လေဆိပ်ကထွက်ပြီး ကားထဲရောက်ချိန်မှာ ယုပေါ်ယွင် သူ့ဘေးက ပိုင်ရှီရှန်းကို ဖြတ်ခနဲ ကြည့်လိုက်တယ် ။ ပိုင်ရှီရှန်းမျက်နှာက တည်ငြိမ်နေပေမယ့် တတောက်တောက်ခေါက်နေတဲ့ သူ့လက်ချောင်းလေးတွေက သူ့အတွင်းစိတ်ကို လှစ်ဟပြနေတယ် ။

ပိုင်ရှီရှန်းက အပန်းဖြေခရီးထွက်တာလို့သာ ပါးစပ်က ဆိုနေပေမယ့် သူ့စိတ်ထဲမှာ
ယုပေါ်ယွင် နဲ့ ယွဲ့ယွဲ့လေးအတွက် စိုးရိမ်ပူပင်ပြီး ရတက်မအေးနိုင်ဖြစ်နေတယ်ဆိုတာ တွေးကြည့်လို့ရပါတယ် ။

ဒါပေမယ့် သူ့အိတ်ထဲက နေကာမျက်မှန် ၊ နေရောင်ကာခရင်မ် ၊ ရေကူးဘောင်းဘီ ၊ SLR ကင်မရာ စသဖြင့် ထည့်သိုလာတာကြောင့်လည်း တစ်ဝက်ကတော့ အပန်းဖြေခရီးထွက်လာတာလို့ ယုပေါ်ယွင် နားလည်တယ် ။

ဟိုတယ်မှာကားရပ်တော့ နှစ်ယောက်သားကားပေါ်ကဆင်းပြီး သက်တော်စောင့်အနည်းငယ်နောက်ကို လိုက်သွားကြတယ် ။

ယုပေါ်ယွင်က သက်တော်စောင့်တွေကိုကျော်ပြီး ဧည့်ကြိုကောင်တာဆီလျှောက်သွားကာ စကားဆိုလိုက်တယ် ။ ကျိန်းသေ အင်္ဂလိပ်စကားနဲ့ပေါ့ ။

ပိုင်ရှီရှန်း ပြုံးစစနဲ့ ယုပေါ်ယွင်ကို တစ်ချက်ကြည့်ကာ
"Wow !E skill က အလန်းကြီး "

"ဒါပဲလေ "
ယုပေါ်ယွင်လေး နည်းနည်းတော့ ဘဝင်လေဟပ်သွားတယ် ။

သူက ကု ကုမ္ပဏီမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တာပဲ ။ မကြာခဏဆိုသလို
နိုင်ငံတကာက ကာစတန်မာတွေနဲ့ ပြောဆိုဆက်ဆံဖူးတယ် ။ ဘာသာစကားနဲ့ပတ်သတ်ပြီး သင်တန်းတွေလည်း တက်ခဲ့ဖူးတယ် ။

"ခင်ဗျားရဲ့ ရောင်းရင်းကြီး ကျွန်တော်က အရင်တုန်းက ဘာအလုပ်လုပ်လဲ သိသားနဲ့.. ကျွန်တော် ရိုမေနီယမ်း(Romanian)စကား​တောင် ပြောတတ်တယ်..နှစ်ကြောင်းလောက်ပေါ့........"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now