Chapter 125

12.4K 1.7K 121
                                    

"မစ္စတာ ကု, မစ္စတာ ယု "

ရှေ့နေကြီးက ကုဖုန်း နဲ့ ယုပေါ်ယွင်ရှေ့မှာ စာရွက်စာတမ်းတစ်စုံစီကို လေးစားသမှုရှိစွာနဲ့ ချပေးလိုက်တယ် ။

"ဒါက အစောပိုင်းတည်းက ကျွန်တော် စီစဥ်ထားတဲ့ စာချုပ်မူကြမ်းပါ...ဒီထဲမှာ သားသမီးကို ပူးတွဲအုပ်ထိန်းခွင့် ၊ ကိုယ်စီတာဝန်ယူပိုင်ခွင့်နဲ့ ဆိုင်ရာအချက်အလက်တွေ ထည့်ပေးထားပါတယ်..တစ်ချက်လောက် စစ်ကြည့်ကြပါဦးနော်..ပြင်ချင်တာ ၊ ထပ်ဖြည့်ချင်တာရှိရင်လည်း ကျွန်တော် အဆင်ပြေအောင် ပြန်ပြင်ပေးပါ့မယ် "

ယုပေါ်ယွင် အချိန်မဆိုင်းဘဲ အချက်အလက်တစ်ခုစီတိုင်းကို အသေးစိတ်ကျကျ ဖတ်ကြည့်တယ် ။

ကုဖုန်းလည်း အလေးအနက်ထားပြီး
ဖတ်ကြည့်နေတယ် ။ ဒါပေမယ့် တချို့အချက်လေးတွေကိုတော့ သူ မကြိုက်ဘူး ။
ဒါကြောင့် သူ မျက်မှောင်ကုပ်လိုက်တယ် ။

" ဘာပြဿနာရှိလဲ မစ္စတာ ကု "

ကုဖုန်းမျက်နှာက ဘာအမူအရာမှ မရှိဘူး ။
အတော်လေးကြာမှ ယုပေါ်ယွင်ဘက်လှည့်ကာ ခါးသက်သက်ပြုံးလိုက်တယ် ။

"မင်းက ကိုယ်နဲ့ တကယ်ကို ပြတ်ပြတ်သားသား စည်းခြားပစ်လိုက်တာလား "

ကုဖုန်းပြောတာ မှန်တယ် ။ စာချုပ်ထဲမှာ ယုပေါ်ယွင်ထည့်ထားတဲ့အချက်တစ်ချက်က သက်သေပဲ ။ အဲ့ဒါက 'အကယ်၍ တစ်ဖက်မှ စာချုပ်ပါအချက်တစ်ချက်အား ချိုးဖောက်ခဲ့သည်ရှိသော် အခြားတစ်ဖက်မှ ထိုအချက်အား ရယူပိုင်ခွင့်ရှိသည် ။'
(သဘောကကွာ.. ကုဖုန်းဖက်က တစ်ခုခုချိုးဖောက်လိုက်တာနဲ့ ကလေးနဲ့ပတ်သတ်တဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးမယ်..အဲ့ဒီအခွင့်အရေးကို ယုပေါ်ယွင်က ရမယ်..
ချိုးဖောက်တာများလေ အခွင့်အရေးဆုံးရှုံးလေဖြစ်ပြီး သူတို့သားအဖနဲ့ တဖြည်းဖြည်း ဝေးသွားအောင် ယုပေါ်ယွင်လေးက တမင်တကာ အဲ့ဒီအချက်ကို ထည့်ထားတာ)

ကုဖုန်း သက်ပြင်းမောကြီး ချလိုက်မိရဲ့။
သူ့ရင်ထဲမှာလည်း ခါးသီးနေတာပဲ ။

"ရှင်းပြရရင်တော့ ဟုတ်တယ်လို့ပဲ ဆိုရမှာပေါ့...ရှေ့ဆက်ပြီး ကျွန်တော်တို့ ပတ်သတ်နေရမှာမျိုးကို လုံးဝမနှစ်သက်ဘူး...ပြီးတော့ ကျွန်တော်တို့ကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာလည်းစိုးရိမ်လို့ "
ယုပေါ်ယွင်က စာရွက်စာတမ်းထည့်ထားတဲ့ဖိုင်ကို တည်ငြိမ်အေးဆေးစွာ ပိတ်လိုက်တယ် ။
"ခင်ဗျား သဘောပေါက်ရဲ့လား "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now