Chapter 165+166

7.8K 1.3K 45
                                    

လုရန် ခေါင်းမော့ကာ ထိုမိန်းကလေးကိုကြည့်ပြီး မျက်နှာသေနဲ့ ခေါင်းညိတ်ပြတယ် ။

" ဝမ် သခင်မလေး "

နှုတ်ဆက်ပြီးတာနဲ့ သူ့ ကြက်ပေါက်အတွက် ခုံဆွဲထုတ်ပေးပြီး

"ကြက်ပေါက်လေး ကိုယ့်ဘေးမှာ ထိုင်"

(ဒီမှာလေ E trans မှာက ocean road ဆိုပြီးရေးထားတယ်.. ဆီ​လျော်အောင် ဘယ်လို ဘာသာပြန်ရမယ်မှန်းမသိလို့ ကိုယ့်သဘောနဲ့ကိုယ် ကြက်ပေါက်လို့ပဲ သုံးလိုက်ပါတယ်..အရင်ကလည်း လုရန်းက လုရန်ကို ကြက်ပေါက်လေးနဲ့ နှိုင်းနေကြဆိုတော့လေ..အဲ့လိုပဲ ရေးမယ်နော်)

ဝမ် သခင်မလေးက ပြည်ပက ပြန်ရောက်လာတာ ။

သခင်မ ကျန်းက လိမ္မာပါးနပ်တဲ့သူ ။ လုရန်းက သူမရှေ့ကနှစ်ယောက်ကို ခွဲခြားပြီး ခေါ်ဆိုလိုက်ပုံကိုကြည့်ရုံနဲ့ သူမသား အလိမ္မာတုံးကြီးရဲ့ ဆုံးဖြတ်ချက်ကို သိလိုက်ပြီဖြစ်လို့ ဘာစကားမှ ထပ်မပြောတော့ဘူး ။

သခင်မကျန်း သူမလည်ပင်းက ကျောက်စိမ်းဘယက်ကို ပေါ့ပါးဟန်နဲ့ ထိကိုင်ထားပြီး ပျင်းရိနေတဲ့မျက်လုံးအစုံနဲ့ ခံစားချက်မဲ့စွာ လုရန်းကို တစ်ချက်ကြည့်တယ် ။

"ရန်လေး ...သူက ဘယ်သူလဲ "

"သူ့နာမည်က လုရန်ပါ မား "

သခင်မကျန်းမျက်နှာ မသိမသာလေး ပျက်သွားတယ် ။

"ကျွန်တော့်နာမည်ကလည်း လုရန် ၊ သူလည်း လုရန်ပဲ..ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် မေတ္တာသက်ဝင်နေကြပြီ..မား ဒါက မတော်တဆတိုက်ဆိုင်မှုတစ်ခုထက် ပိုတယ်လို့ မထင်ဘူးလား.."

လုရန်း ဝိုင်တစ်ခွက်ငှဲ့ပြီး ပြုံးကာ သူ့အမေကို ခွက်မြှောက်ပြလိုက်တယ် ။

ဝမ် သခင်မလေးမျက်နှာကတော့ ပြာနှမ်းနေရှာပြီ ။

ဒီနေ့ ကျန်းသခင်မကြီးက ညစာစားဖို့ သူမကို ဖိတ်ထားတာ ။ စကားလှအောင် ညစာလို့ပြောပေမယ့် သူမလို ပါးနပ်တဲ့မိန်းကလေးတစ်ယောက်ကတော့ ချက်ဆို နားခွက်က မီးတောက်ပြီးသားလေ ။ ဒါက blind date
မဟုတ်လို့လား ။ ဟုတ်နေတာကြီးကို ။ ဒါကြောင့်လည်း သူမ ဝမ်းသာအားရပြေးလာခဲ့ရတာလေ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now