Chapter 162

7.1K 1.4K 53
                                    

အပြင်ဘက်က ပြန်ဖြေဆိုသံ တစ်စွန်းတစ်စတောင် ထွက်မလာဘူး ။ တိတ်ဆိတ်ငြိမ်သက်မှုက အရာအားလုံး ရပ်တန့်သွားသလို ။

ယုပေါ်ယွင်ရဲ့ နားထဲမှာ အန္တရာယ်အချက်ပေး ခေါင်းလောင်းသံတွေ ညံလာတယ် ။

ခြေသံမကြားအောင် ကော်ဇောပေါ် ဖွဖွနင်းရင်း သူ စဉ်းစားနေမိတယ် ။ ရုတ်တရက် သူ့ အတွေးထဲ လက်ခနဲ ။ ညနေခင်း သူပြန်လာချိန်တုန်းက တံခါးဝမှာမြင်ခဲ့ရတဲ့ တစ်စုံတစ်ရာ ။

ယုပေါ်ယွင် လက်ဖဝါးမှာ ချွေးစို့လာတယ် ။

တကယ်ဆို အဲ့ဒါ ကလေးတွေလက်ချက် မဟုတ်နိုင်ဘူး ။ သေချာတွေးကြည့်မှ ကလေးတွေ လက်ဆော့ပြီး ရေးခြစ်ထားပုံနဲ့ မတူမှန်း သိသာလာတယ် ။ ဒါက သူခိုးအချင်းချင်းသာ နားလည်တဲ့ သ‌င်္ကေတနဲ့ ညလူ‌ခြေတိတ်ချိန်မှာ သူတို့ဝင်ခိုးရမယ့် အိမ်ကို အမှတ်အသားလုပ်ထားတာ ။

ဟုတ်တာပေါ့ ။ သူ ပြည်ပသွားနေတာကြောင့် သူ့ တိုက်ခန်းမှာ လူမရှိတာ ကြာနေပြီလေ ။ ပြီးတော့ သူတို့တိုက်တန်းလျားက လုံခြုံရေးလည်း မရှိဘူး ။

သူတော့ သူခိုးတွေရဲ့ ပစ်မှတ်ထားခံရပြီ !

ယုပေါ်ယွင် ဘေ့စ်ဘောရိုက်တံကို အသံမထွက်အောင် ယူပြီး သတိအပြည့်နဲ့ တံခါးကို ဖွင့်လိုက်တယ် ။

လရောင်ရဲ့ မှိန်ဖျော့ဖျော့အလင်းအောက်မှာ တကယ်ပဲ အနက်ရောင်ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရှိနေတယ် ။ ထိုလူက တံခါးဆီ ဦးတည်သွားနေတာ ။ သူ့လှုပ်ရှားပုံက အရမ်းကို ညင်သာပြီး သူ့လက်ထဲမှာ
ယုပေါ်ယွင်ရဲ့ ကွန်ပျူတာ ၊ အပိုဆောင်ထားတဲ့ လက်ကိုင်ဖုန်း နဲ့ .......ပြီးတော့ ......ပြီးတော့ .........ပိန်းဥလေး ။

ပိန်းဥလေးက ‌ဇောက်ထိုးလေး ။ ထိုလူက ပိန်းဥလေးရဲ့ အမြှီးကိုလက်ထဲမှာကိုင်ထားတယ် ။ ပိန်းဥ‌လေးက ပြန်လည်းမကိုက်နိုင်ဘဲ တို့ဆေးမိထားသလိုမျိုး လှုပ်တောင်မလှုပ်နိုင်ရှာတဲ့ပုံနဲ့  ။ ပိန်းဥလေးပါးစပ်က ရောင်ပြန်ဟပ်နေတာတွေ့လို့ ယုပေါ်ယွင် သေချာကြည့်လိုက်တော့ သူလေးပါးစပ်မှာ နှုတ်သီးစွပ်တစ်ခုက စွပ်လျက်သား ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now