Chapter 183

8.1K 1.4K 93
                                    

ယုပေါ်ယွင် နိုးလာတော့ နေတောင်မြင့်နေပြီ ။
နွေးထွေးတဲ့နေရောင်ခြည်က ကန့်လန့်ကာကြားထဲကနေ ကြမ်းပြင်ထိ ထိုးဖောက်ကာဖြာကျနေတယ် ။

ယုပေါ်ယွင် စောင်ကိုမပြီး ထထိုင်ကာ ဘေးဘက်ကိုကြည့်လိုက်တယ် ။

သူ့နံ‌ဘေးက လစ်လပ်နေပြီး အိပ်ရာပေါ်မှာ သူတစ်ယောက်တည်း ။

ယုပေါ်ယွင် ခေါင်းကုတ်ကာ အိပ်မက်မက်နေတာလားလို့ ဇဝေဇဝါတွေးနေမိတယ် ။

မနေ့ညက သူ့အခန်းတံခါးဝမှာ ယောက်ျားတစ်ယောက်ရဲ့ ငိုညည်းသံလိုလို ကြားမိပါတယ် ။

အဲ့ဒီယောက်ျားက ကုဖုန်းလား ?!

သူ့ဆီက အချစ်လေးနည်းနည်းလောက်ပေးပါလို့ ဝောာင်းပန်တိုးလျှိုးနေတဲ့လူကရော ....
တကယ်ပဲ ကုဖုန်းလား ?!

ယုပေါ်ယွင်လေး မယုံနိုင်အောင် ဖြစ်နေတုန်းပဲ ။

ပတ်ဝန်းကျင်ကို မျက်လုံးစွေကြည့်ပေမယ့် သူ့အမြင်လွှာက မှုန်ရီဝေဝါးနေတယ် ။ သူ့ မျက်လုံးက အလင်းရောင်မှိုင်းမှိုင်းနဲ့ ဝိုးတဝါးအရိပ်တွေပဲ မြင်နိုင်စွမ်းတော့တယ် ။ ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်ဆီးစပြုနေတဲ့ ဖလင်ပြားတွေကို ကြည့်နေရသလို ပြတ်ပြတ်ထင်ထင် ကြည်ကြည်လင်လင်မမြင်ရဘဲ သူ့အမြင်လွှာကို တစ်ခုခုက ပိတ်ကာထားသလိုမျိုး ။ ဒီ ခံစားချက်က အရမ်းကို စိတ်ပျက်စရာကောင်းပြီး စိတ်အနှောင့်အယှက်ပေးလွန်းတယ် ။

သူ့လည်စေ့လေး နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး လှုပ်တောင်မလှုပ်ဘဲ နေရာမှာသာ ထိုင်နေမိတယ် ။

ဒီတစ်ကြိမ်မှာရော သူ့မျက်လုံးတွေ အမြင်ကြည်လာဖို့ အချိန်ဘယ်လောက်ကြာမလဲ သူ မသိဘူး ။

" ကျွီ !"

မျက်လုံးတင်းတင်းပိတ်ပြီး ပြန်ကောင်းလာမယ့်အချိန်ကို စောင့်နေတုန်း တံခါးတွန်းဖွင့်သံနဲ့အတူ အခန်းထဲကို ကုဖုန်းဝင်လာတယ် ။

ကုဖုန်းက suit အပြည့် ဝတ်ဆင်ထားပြီးပြီ ။
အနက်ရောင် suit က ကျစ်လစ်သွယ်လျတဲ့ ခြေတံရှည်တွေထက်မှာ နေရာယူထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဝတ်ဆင်ထားတဲ့ အဖြူရောင်ရှပ်က တောင့်တင်းခိုင်မာတဲ့ ကြွက်သားအဖြာဖြာကို လုံခြုံအောင် မသိမ်းထုပ်ထားနိုင်ခဲ့ဘူး ။ ကုဖုန်းက ဆွဲဆောင်မှုရှိရှိနဲ့ ပြီးပြည့်စုံလွန်းသူ ။ ဒီယောက်ျားရဲ့တစ်ကိုယ်လုံး အရှိန်အဝါတွေအပြည့်နဲ့ ။ ချောမောခန့်ညားခြင်းပါ ထပ်ပေါင်းထည့်ထားတဲ့အခါ ဘယ်သူမှ မျက်စိမလွှဲချင်အောင် ဆွဲဆောင်နိုင်လွန်းတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now