Chapter 161

7.5K 1.4K 43
                                    

အဖြူရောင်စားပွဲပေါ်မှာ ဓာတ်ပုံတစ်ထပ်က
နေရာယူလို့ထားတယ် ။

နူးညံ့လှပတဲ့လက်ကလေးတစ်ဖက်က ဓာတ်ပုံအထပ်လိုက်ကို ဟိုလှည့်ဒီလှည့် လှည့်
လိုက်ပြီးနောက် တစ်ပုံပြီးတစ်ပုံ လှန်လှောကြည့်လေတယ် ။

"သခင်မ ကျန်း "
သက်လတ်ပိုင်းအရွယ်အမျိုးသမီး နံဘေးမှာ ယောက်ျားတစ်ယောက် ရပ်နေပြီး ထိုယောက်ျားက အသက်ဝဝရှူကာ
သတိအပြည့်နဲ့ ပြောတယ် ။

"ဒါက မနေ့တုန်းက ရိုက်လာခဲ့တာပါ "

ကျန်းဟွေ့ကျန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားတယ် ။ ထို့နောက် ဂရုမစိုက်စွာ ဓာတ်ပုံအားလုံးကို လျစ်လျှူရှုတယ် ။

"ယောက်ျားတစ်ယောက်နဲ့ တွဲတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်ပဲ...ဘာဖြစ်မှာမို့လဲ..ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်နည်းနည်းလောက်ကြာရင် ငါက သူ့ကို မိန်းမပေးစားမှာပဲလေ..ဘာမှမဖြစ်သေးသရွေ့တော့ သူ့ကို လွှတ်ပေးထားလိုက်ဦးမယ် "

"ဒါပေမယ့် ဒီတစ်ကြိမ်က.... "
ထိုလူရဲ့မျက်လုံးထဲမှာ မရေမရာအရိပ်တွေ ဖြတ်ပြေးလျက် ။

"ဒီတစ်ကြိမ်က တကယ်အတည်နဲ့ တူတယ် "

မတ်တတ်ရပ်ပြီးစ ကျန်းဟွေ့ကျန်ရဲ့ လှုပ်ရှားမှုတွေ တောင့်ဆတ်သွားတယ် ။
ထို့နောက် မှန်ချပ်အပြည့်နဲ့ ပြတင်းပေါက်နား လျှောက်သွားကာ လက်ဖက်ရည်ကြမ်းခွက်ယူပြီး တစ်ငုံမျှ သောက်တယ် ။

"မင်း ဆိုလိုချင်တာက ??"

" ဒီတစ်ခါတော့ သခင်လေး လုက  ဟိုကောင်လေးကို သူ့အိမ်ထိခေါ်သွားပြီး အတူတူ နေနေကြတယ်..မနေ့က တစ်နေ့လုံး သူ့ကောင်လေးနဲ့ အိမ်ကူပြောင်းပေးပြီးအိမ်ထောင်ပရိဘောဂတွေလည်း ထပ်ဝယ်သေးတယ်..ကျွန်တော်ထင်တာတော့ တကယ်အတည်ကြီးပဲလို့ "

ကျန်း‌ဟွေ့ကျန် ကိုယ်ကို လှည့်လိုက်တယ် ။ သူမ မျက်နှာပေါ်က မိတ်ကပ်ပါးပါး‌ကြောင့် ရှိရင်းစွဲအသက်ထက် ပိုနုပျိုနေပေမယ့် သူမမျက်ဝန်းထောင့်မှာ ပေါ်လာတဲ့ အရေးအကြောင်းတွေကတော့ သူမ မပျော်မရွှင်ဖြစ်နေကြောင်းကို ထုတ်ဖော်ပြသနေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now