Chapter 167

7.8K 1.4K 81
                                    

ယုပေါ်ယွင် နဲ့ ကုဖုန်းက အိမ်ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုပြီး လတ်မှတ်ထိုးလိုက်ကြတယ် ။

လတ်မှတ်လည်းထိုးပြီးရော ယုပေါ်ယွင်
က အိမ်ငှားခနှစ်လစာကို ကုဖုန်းအကောင့်ထဲ လွှဲပေးလိုက်တယ် ။ သူ့အကောင့်ထဲဝင်လာတဲ့ ငွေလွှဲမှတ်တမ်းကိုကြည့်ပြီး ကုဖုန်းတစ်ယောက် ထူးထူးဆန်းဆန်းခံစားချက်ကြီးဖြစ်လို့ ။

ရင်ခံတယ်ဆိုရမလား ?

မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်လုံးကိုတောင် အိမ်အပါခေါ်လာနိုင်တဲ့အထိ တိုးတက်လာပြီပဲလေ ။ ကျန်တာ နောက်မှပေါ့ ။

ကုဖုန်း စိတ်ပါလက်ပါနဲ့ပဲ လတ်မှတ်ထိုးလိုက်တယ် ။ 

ပထမဆုံး အိမ်ပြောင်းလာတဲ့နေ့မှာ ပစ္စည်းတွေနေရာချ ၊ရွှေ့သင့်တာရွှေ့ ပြောင်းသင့်တာပြောင်းနဲ့ ကုဖုန်းတစ်ယောက် ဒေါင်ချာဆိုင်းသွားတော့တယ် ။ ပစ္စည်းတွေတင်ပဲလား ။ ဘယ်ဟုတ်ပါ့မလဲ ။ ပတ်တီးတွေအပြည့်နဲ့ ပေါင်မုန့်လုံးလေးကိုကျောမှာပိုး အနှီးထုပ်လေးနဲ့ ကုပေါက်လေးကို ရင်မှာပွေ့လို့ ပျော်ပျော်ကြီး အိမ်ခေါ်လာတော့တာပေါ့ ။ သူ့ရင်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံး အပိုင်စားရလိုက်သလို ။ မောလို့မောမှန်းတောင် မသိရှာတော့ဘူး ။ အိမ်မှာလည်း ပစ္စည်းတွေအပုံလိုက်နဲ့ နှစ်သစ်ကူးပွဲတော်ကြီးအတိုင်းပဲ ။

နှလုံးသည်းပွတ်လေးနှစ်ယောက်ကို အိမ်ပို့ပြီးတာနဲ့ တစ်နေကုန် ပစ္စည်းပုံကြီးထဲ အလုပ်ရှုပ်ပြီးတဲ့နောက် အားလုံးပြီးစီးလုနီးပါးဖြစ်သွားပြီ ။

တတ်နိုင်တာလေး ကူလုပ်ပေးရှာတဲ့ ယုပေါ်ယွင်လည်း အတော်လေးပြိုင်းသွားပြီမို့ ညလည်းရောက်ရော အိပ်ရာပေါ်မှာ ခွေခွေခေါက်ခေါက်လေး ပြိုလဲလို့ ။ ခေါင်းချတာနဲ့
တန်းပြီးအိပ်မောကျသွားလေတယ် ။ ကျားယွဲ့လေး ထမငိုခင်အထိ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေတာ ။

ကလေးငိုသံကြောင့် အကျင့်ဖြစ်နေတဲ့မျက်လုံးတွေ ဖျတ်ခနဲပွင့်လာပေမယ့် ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်သေးဘူး ။ ခေါင်းထဲလည်း ရီဝေဝေနဲ့ အိပ်ချင်စိတ်မပြေသေးပေမယ့် ခန္ဓာကိုယ်ကတော့ သူ့တာဝန်သူကျေပွန်ပြီးသား ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now