Ch 25

754 149 17
                                    

Unicode

Chapter 25
Silent, Awkward Concern
___________________________

"အထူးသဖြင့် မင်းရဲ့မျက်လုံးတွေ..
သူတို့က သူနဲ့ တကယ်ပဲတူတယ်။
မဟုတ်သေးဘူး..
သူတို့က အတိအကျကို တူတာ"

Ran Feng Ge သူ့အတွေးကို ထိန်းချုပ်ကာ အပြုံးနှင့် ရှင်းပြလိုက်သည်။
"ကမ္ဘာပေါ်မှာ လူတွေအများကြီးရှိတာ။ အနည်းစုက ရုပ်ဆင်ကြတာ မဆန်းပါဘူး"

Lan Kuang က တစ်စုံတရာ တုန့်ပြန်မပြော။ သူက ထရပ်လိုက်ပြီး Ran Feng Ge ကို ငုံ့ကြည့်သည်။ ဒွိဟဖြစ်စေသည့်အပြုံးတစ်ခု သူ့မျက်နှာတွင်ရှိနေ၏။

ဒဏ်ရာရှင်က ပြတင်း၏အပြင်ဘက် တောက်ပသည့် ကောင်းကင်ကို ငေးကြည့်နေလေသည်။
ရုတ်တရက် မွန်းတည့်နေပြီကို သူ သတိပြုမိလိုက်သည်။
ဤသည်က သူ အိမ်မှထွက်လာခဲ့သည်မှာ ရှေ့တစ်ညကတည်းကဟု ဆိုလိုသည်။
သည်မနက် သူ ကုသပြီးနောက် Su Yi Mo နှင့်တိုးခဲ့သေးသည်။
သို့သော် သူချိုးဖောက်ခဲ့သည့်အချက်မှာ စာချုပ်၏ အဓိကထားသည့်အပိုင်းဖြစ်နေသည်။
သူသာ သူ့အလုပ်ရှင်ဆီ ပြန်၍ အခြေအနေကိုရှင်းမပြလျှင် သန်းသုံးဆယ်တန် ကော်မရှင်ခကို လက်ပြနှုတ်ရချိမ့်မည်။
သူက ကြိုးစားပြီး ထလိုက်သော်လည်း
Lan Kuang က ပြန်ဖိချသည်။
ထိုသူက တင်းတင်းကြပ်ကြပ်ပြောလာ၏။
"မင်း ဘာလုပ်တာလဲ?"

"ကျွန်တော့်မှာ လုပ်စရာရှိလို့ ပြန်ရမယ်"
Ran Feng Ge နှင့် Lan Kuang ၏မျက်ဝန်းတို့ မြဲမြဲဆုံမိကြသည်။

"မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမှာထက် ဘာကပိုအရေးကြီးနေတာလဲ?"
Lan Kuang က တစ်ဖက်သူ၏ လက်မောင်းများကို တစ်ချက်ပင်မလှုပ်နိုင်အောင် ဆက်၍ဖိထားသည်။
သူက မေးဆတ်ကာ ထပ်ပြောသည်။
"မင်းမှာ အဖျားရှိနေတာကို မပြောနဲ့ဦး။ ဒီလိုဒဏ်ရာတွေနဲ့ လှုပ်ဟယ်ရှားဟယ်မလုပ်သင့်ဘူး"

"အဲဒါက စိုးရိမ်စရာဘာမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ခံနိုင်ရည်ကို ကျွန်တော်သိပါတယ်။ လူကြီးမင်း..ကျွန်တော့်ကို ဆေးရုံခေါ်လာတာ ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်ကို အနှောင့်အယှက်မဖြစ်အောင် ရှောင်ကြဥ်ပေးရင် ပျော်မိမှာပဲ"
Ran Feng Ge ၏အသံက တိုးသက်သော်လည်း အတော်လေး စီးစီးပိုးပိုးပုံစံပေါက်သည်။

လူစားထိုး Where stories live. Discover now