Ch 33

722 139 16
                                    

Unicode

Chapter 33

Let's enjoy the splash together!

______________________________

Lan Kuang ဘက်မှ နောက်ဆုတ်သွားမည့်ဟန် မပေါက်သည့်အတွက် ထိုသူ့ကို နောက်တစ်ကြိမ် သတိပေးရန် အကြောင်းမရှိတော့ချေ။ အရင်းချုပ်ရပါက Lan Kuang လိုလူမျိုးများမှာ အချစ်ရေးနှင့်ပတ်သတ်ပြီး ဘယ်အခါမျှ အလေးအနက်မရှိပါ။
Ran Feng Ge တစ်ယောက် ဤမေတ္တာကစားပွဲတွင် ဝင်ပါဖို့ ဆုံးဖြတ်ခဲ့သည်ဆိုလျှင်ပင် ဤသည်မှာ သူ၏ အရေးပါမှုကို ပိုတွတ်မိသောကြောင့်သာ ဖြစ်ပြီး Lan Kuang က အပျင်းပြေကစားနေခြင်းမျှသာဖြစ်ကြောင်း တွေ့ရှိအဆုံးသတ်ရမည်မှာ ပြောနေစရာမလိုပေ။
'Lan Kuang မြတ်နိုးသည့်သူ၏ အစားထိုးအဖြစ် သရုပ်ဆောင်လိုက်မည်၊ ဟန်ဆောင်လိုက်မည် ' ဟူသည့်ဇာတ်ညွှန်းမျိုးကိုကား သူ့ဘက်က စဥ်းစားရန်ပင်မသင့်ချေ။ ဤပွဲတွင် မည်သူက မည်သူ့ကို ကစားသွားမည်အား ပြောရန်စောလွန်းလှသည်မဟုတ်လော။

ဤသည်ကို နားလည်သဖြင့် ဆက်လက်စကားပြောရန် Ran Feng Ge စိတ်မရှည်တော့ပါ။
ထိုအစား နောက်ကြောင်းပြန်၍ ရေခဲတုံး Su Yi Mo နှင့်မျက်နှာချင်းဆိုင်လိုက်မည်။ ထိုအမျိုးသားကမှ အောက်ထစ် အပြင်ပန်းအေးစက်ပေမည့် အတွင်းပိုင်း နွေးထွေးကာ သစ္စာရှိဦးမည်။ ဒဏ်ရာရနေသည့် ချစ်သူကို ကာကွယ်ဖို့ သူအလိုရှိသော လူစားထိုးငှားရန် ကျသင့်ငွေအားလုံး ထုတ်ပေးခဲ့သည်ကို ကြည့်ပါလေ။

"ပြီးပြတ်ပြီဆိုရင် ကျွန်တော်သွားတော့မယ်"
Ran Feng Ge ခြေတစ်လှမ်းဆုတ်ကာ Lan Kuang အနီးမှ ထွက်သွားရန် ကြံစည်လိုက်သည်။

ကံအကြောင်းမလှချင်၍ တစ်ဖက်လူက သူတိတ်ဆိတ်​နေတုန်း သူ့ ရည်ရွယ်ချက်ကို ထိုးထွင်းမြင်သိပြီးဖြစ်၏။
သူ ခြေလှမ်းဆုတ်သည်နှင့်တစ်ပြိုင်နက် Lan Kuang ကရှေ့တစ်လှမ်းတက်လာပြီး သွားလမ်းကိုပိတ်လေသည်။
"ပြီးပြတ်ပြီဆိုတာ ဘာကိုပြောတာလဲ? ကိုယ့်မှာ မင်းကို အကြာကြီးစောင့်နေခဲ့ရတာ။ ကိုယ့်ရဲ့ ကြိုးပမ်းမှုကို အလဟဿမဖြစ်စေဘူးမလား..ဟင်?"

"နောက်ထပ် ဘာလိုချင်သေးလို့လဲ? ချက်လက်မှတ်ကို ခင်ဗျားကိုယ်တိုင်ပဲ ​ဆုတ်ဖြဲလိုက်ပြီး..ကျွန်တော်နဲ့ ဘာဆိုင်တော့လို့"
Ran Feng Ge က နောက်ထပ် ခြေတစ်လှမ်းဆုတ်သည်။ သူစိတ်မပျက်..Lan Kuang ဆီက လွတ်ရန် တစ်လမ်းမက ရှိသည်။

လူစားထိုး Where stories live. Discover now