Ch 41

685 131 4
                                    

Unicode

Chapter 41
Intoxicated
_______________________

သိချင်စိတ်ဖြင့် မသင်္ကာဖြစ်နေသည့်တိုင် Ran Feng Ge တီရှပ်ကို လက်သင့်ခံလိုက်သည်။ လက်ထဲတွင် ဘယ်ပြန်ညာပြန်ကိုင်၍ သူက အထည်ကို အနီးကပ်စစ်ဆေးကြည့်သည်။ တီရှပ်က ပိုးသားဖြင့် လုပ်ထားသည့်ဟန်ပေါ်သော်ငြား စစ်ဆေးမှုတချို့ ထပ်မံလုပ်ပြီးမှ
သူ ဆုံးဖြတ်ချက်ချခဲ့သည်။ အထည်က ကိုင်တွယ်ရ နူးညံ့ပြီး ပုံစံကလည်း ခေတ်မီ၍ ဖက်ရှင်ကျသည်။ တီရှပ်ပေါ်တွင် ကတ်ပြားတစ်ခုမှမပါသဖြင့် ဆိုင်ကဝယ်ခဲ့ခြင်းဟုတ်ဟန်မတူ။ အထူးသဖြင့် သူ့သူငယ်ချင်း၏ ဂုဏ်ဆာနေသည့်မျက်နှာပေးကိုကြည့်ပြီး ကြောင်းကျိုးသင့် မှန်းဆရလျှင် Cheng Xi Ran ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ရမည်။ သူက လက်နက်တွေကိုပဲ သဘော​ကျတာမဟုတ်ဘူးလား? ဘယ်အချိန်ကစပြီး အချုပ်အလုပ်ကို စိတ်ဝင်စားသွားတာလဲ?

"မင်းလုပ်ခဲ့တာလား?"
အင်္ကျီနှင့်ပတ်သတ်၍ ထူးခြားချက်တစ်စုံတစ်ရာ ရှာမတွေ့သဖြင့်
အမှန်တရားကို ကျိုးနွံစွာလက်ခံကာ
Ran Feng Ge မေးလိုက်သည်။

အဆိုပါအမျိုးသားက Mi Le ဘက်ကိုကြည့်၊ သူတို့ချင်း မျက်လုံးဂဟေဆက်ပြီးမှ ထက်ထက်သန်သန်ခေါင်းငြိမ့်သည်။
"အဟုတ်ပဲ"

"ငါ့ကို ဘာလို့ တီရှပ်တစ်ထည် လက်ဆောင်ပေးတာလဲ?
ဒါနဲ့ပတ်သတ်ပြီး ထူးထူးခြားခြား ဘာများရှိလို့?"
ထို့နောက် Ran Feng Ge က အများကြီးမတွေးဘဲ ထပ်ဖြည့်ပြောသည်။
"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်လို့ မပြောနဲ့နော်..ရှေးတုန်းကဆို ဓားတွေလှံတွေရန်က ကာကွယ်ဖို့
ဒီလို ရွှေချည်ချပ်ဝတ်တွေ တောင်းဆိုကြတယ်မဟုတ်လား?"

သူ့သူငယ်ချင်းနှစ်ယောက်လုံး အံသြ မှင်တက် သွားသည်။ Cheng Xi Ran ကောင်တာပေါ် လက်သီးတစ်ချက် ထုလိုက်၏။
"သေပါတော့! မင်းက သောက်ရမ်းတော်တာပဲ ။ ငါ့ရဲ့ လူတွင်ကျယ်လုပ်ချင်စိတ်ကလေး ကြီးထွားခွင့်ရအောင် အကြိမ်နည်းနည်းလောက် ပိုမှန်းပါဦးတော့လား"

Ran Feng Ge ၏ နှုတ်ခမ်းက အပြုံးဖြင့်ကော့တက်သွားသည်။
"အိုး..ဒါဆို ဒါဆို မင်းကိုယ်မင်း လူတွင်ကျယ်လုပ်ချင်စိတ်တွေ ကြီးထွားနေမှန်း သိပြီးသားပေါ့"

လူစားထိုး Where stories live. Discover now