Ch 16

1.1K 192 11
                                    

Unicode

လျှို့ဝှက်ကင်မရာများကို ဂရုတစိုက်ရှောင်ရှားပြီးနောက်...နောက်ဆုံးတွင် Ran Feng Ge အိမ်ရာမှ ထွက်နိုင်ခဲ့သည်။ သူက လမ်းဘေးကပ်၍ အနည်းငယ်ပြေးလိုက်ပြီးမှ ရပ်ကာ လက်ကိုင်ဖုန်းကိုထုတ်၏။ လက်သွယ်သွယ်နှင့် စာလုံးအချို့ရိုက်ကာ 'ပေးပို့သည်' ကို နှိပ်လိုက်သည်။

သိပ်မကြာလိုက်..သူ၏ ဖုန်းက 'စာတို' ရောက်သွားပြီဖြစ်ကြောင်း အချက်ပေးလာသည်။ Ran Feng Ge လက်ပိုက်၍
လမ်းမီးတိုင်ကို မှီပြီး တိတ်တဆိတ်စောင့်သည်။

ဆယ်မိနစ်ကြာပြီးနောက်....

အနီရောင်ပြိုင်ကားတစ်စင်း သူ၏ရှေ့သို့ လာရပ်ပြီး ခရီးသည်ဘက်ခြမ်း၏ ပြတင်းမှန် လျှောကျလာ၏။ ကားမောင်းသူမှာ အမျိုးသားတစ်ယောက်ဖြစ်ပြီး အနီတောက်တောက်ခေါင်းနှင့်။ ညဘက်ကြီးကို နေကာမျက်မှန်တစ်လက် ဝတ်ဆင်လို့ထားပြီး လန်းနေလေသည်။ ပါးစပ်တွင်
ခဲထားသော စီးကရက်မှာ တစ်ဝက်ကျိုးနေလေပြီ။ သူ့ကို စောင့်နေသူက Ran Feng Ge ဖြစ်နေသည်ကို မြင်ရလျှင် ပုလဲရောင်သွားတန်း နှစ်သွယ်ပေါ်သည်အထိ ပြုံးသွားသည်။ သူက အနောက်သို့
ခေါင်းကို စိတ်လွတ်လက်လွတ်  လှန်ချလိုက်သဖြင့် သူ့စီးကရက်ပြာများလည်း နောက်ကလိုက်၍ ငြင်သာစွာ လွင့်ကြွေသည်။ စိတ်လှုပ်ရှား နေသောသူ့ အသံမှာ သူ့စရိုက်အတိုင်း မော်ကြွားဝံ့စားလျက်...။

"မင်း..အရူးကောင်..တကယ်ကြီး မင်းပါလားကွ! လာ ဝင်"

ထိုကောင် Cheng Xi Ran... အချိန်တိုင်း တက်ကြွနေစမြဲ။ Ran Feng Ge ၏ နှုတ်ခမ်းလေး ကော့ကာ ပြုံးသွားရသည်။ သူ တံခါးကိုဖွင့်ပြီး အမြန်ဝင်လိုက်၏။

" နောက်ပဲကျနေပြီကို...  ငါ့ကို ဘာအတွက်ရှာတာလဲ?"

"Tian Lan ကို ရောက်တာနဲ့ ငါ ချက်ချင်း
ရှင်းပြပါ့မယ်"

Ran Feng Ge  ကား၏ရေဒီယိုကို ဖွင့်လိုက်သည်။အသံလွှင့်ဌာနက Jing Qiu Han နှင့်ပတ်သတ်သည့် သတင်းများ ထုတ်လွှင့်နေသည်။ သူ မျက်မှောင်ကြုတ်ပြီး ခလုတ်ကိုလှည့်လိုက်ပြီး သီချင်းလွှင့်နေသည့် လိုင်းကို ပြောင်းလိုက်၏။ ထို့နောက် ထိုင်ခုံကို ကျောမှီပြီး ကိုယ့်ကိုယ်ကိုယ် အသာအပန်းဖြေလိုက်သည်။

လူစားထိုး Where stories live. Discover now