Ch 58

1.1K 92 12
                                    

Unicode

Vol 2 Ch 11
It'd be best if we never see each other again
________________________

"မင်း.."
အမြင်အာရုံများ ဝေဝါးနေ၍ သူ့ထံချဥ်းကပ်လာသော နတ်ဆိုးမျက်နှာဖုံးရှင်ကို မသဲမကွဲဖြစ်နေပေမည့် ထိုသူ၏ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် အသံကိုမူ လန်ခွမ်းနားထဲတွင်ပီပီသသကြားနေရသည်။

"ဟား...ရူးတာပဲ။ ဆေးက ဝိုင်ထဲမှာမဟုတ်ဘူးဗျ...ဖန်ခွက်ပေါ်မှာ။ လူတွေကပြောကြတယ်...ခင်ဗျားက ထက်မြက်ပြတ်သားပြီး သတိကြီးတဲ့လူတစ်ယောက်တဲ့။ ဒါပေမဲ့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ နေရာမှာပဲတော်တာထင်ပါတယ်"
ထိုသူကား လန်ခွမ်းကို လှောင်ပြုံးပြုံးပြီး ကျာပွတ်ကိုလက်တွင်ပတ်ကာ ကစားသည်။
"ဒါပေမဲ့ မပူပါနဲ့။ ကျုပ် ခင်ဗျားကို ဘာမှထိခိုက်အောင်
လုပ်မှာမဟုတ်ဘူး။ ဆေးက လိင်စိတ်ကိုထကြွစေရုံပဲ။နောက်ကျ ခင်ဗျားကို ကူညီနိုင်မဲ့လုတစ်ယောက်ရှာတွေ့သ၍ အဆင်ပြေသွားလိမ့်မယ်"

လန်ခွမ်း ထနိုင်အောင်
ရုန်းကန်ရင်း ထိုလူ့ကိုလည်း တစ်ချက်လောက် မိမိရရကန်ပေးရန် ကြိုးပမ်းလိုက်သည်။ တစ်ဖက်လူက လွယ်ကူစွာရှောင်တိမ်းပြီး ထပ်ပြောသည်။
"ပြောဖို့ မေ့တော့မလို့။ ဆေးက ရိုးရိုးတမ်းတမ်း စိတ်ကြွစေရုံပဲ မဟုတ်ဘူးနော်။ မေ့ဆေးနည်းနည်းလည်း ထပ်ရောထားသေးတယ်။ လောလောဆယ် ခင်ဗျားရဲ့ခြေတွေလက်တွေကို မထိန်းချုပ်နိုင်တာ ပုံမှန်ပါပဲ။ ကျုပ်ကို ကန်ဖို့များတော့ တွေးတောင်မတွေးနဲ့။ လက်တွေ့ကျကျပဲ စဥ်းစားကြည့်ရအောင်။ အကျိုးမရှိတဲ့ တစ်ခုခုကိုလုပ်ဖို့ အချိန်ရှိတယ်ဆိုရင် အဲဒီအစား ဘာလို့ ခင်ဗျားရဲ့စွမ်းအားတွေကို ထိန်းထားဖို့မကြိုးစားရတာလဲ"

လန်ခွမ်း၏ ဒေါသတကြီးအမူအရာမှာ ချက်ချင်းဆိုသလို ခပ်တည်တည်ဖြစ်သွားသည်။ သူက ရယ်ပင်ရယ်လိုက်သေးကာ ပြောလာ၏။
"အိုး.... အချစ်က ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းမယ်ထင်လို့ ကျာပွတ်ကို ယူလိုက်တာလား? ဘယ်လိုတောင် ပြင်းပြတဲ့ဆန္ဒတွေရှိနေတာလဲ? ဒီလိုဆိုမှတော့ ကိုယ်လည်း မယဥ်ကျေးတော့ဘူး။ လာစမ်းပါ...ကိုယ်မစောင့်နိုင်တော့လို့"

You've reached the end of published parts.

⏰ Last updated: Sep 05, 2022 ⏰

Add this story to your Library to get notified about new parts!

လူစားထိုး Where stories live. Discover now