Vol 1 complete, Ch 46+47

1.5K 162 27
                                    

Unicode

TN/ စာတွေရိုက်ပြီးမှ လက်ခလုတ်တိုက်ပြီး ကီးဘုတ်က converter ခေါ်ရမလား အဲဒါကို ထိလိုက်မိတယ်။ အဲ့ကောင်က နောက်တစ်ချက်ထပ်နှိပ်လိုက်ရင် ပြန်ကောင်းလာရမှာကို ပြန်မကောင်းလာဘဲ error ဖြစ်သွားရော။ အဲဒါနဲ့ အစအဆုံးပြန်ရေးနေရပြီး ဒီတစ်ခါကြာသွားပါတယ်နော်။

_________________________

Chapter 46
I'm not him
________________________

Ran Feng Ge က မျက်မှောင်ကြုတ်ပြီးအိပ်ပျော်နေသည်။ သူ့ခေါင်းက ဘေးသို့စောင်းသွားပြီး ပျော်ရွှင်စွာ​အော်ပြောချင်သလိုလို ကန့်ကွက်ပြီးအော်ဟစ်ချင်သလိုလိုနှင့် ပါးစပ်က အနည်းငယ်ပွင့်ဟသွားသည်။ သူ၏ ပြင်းပြသည့်ဝင်သက်ထွက်သက်မှ အရက်နံ့ဖျော့ဖျော့ကိုရသည်။ သူ၏လက်ရှိမြင်ကွင်းက တစ်ဖက်သူကို ပူပူထူထူဖြစ်စေပါသည်။

Su Yi Mo ဝေခွဲမရဖြစ်နေ၏။
သူ၏ မူလအစီအစဥ်က ဖုန်းကိုထားပြီး ထွက်သွားရန်ဖြစ်သည်။

ထိုအစား..သတိလက်လွတ်ဖြင့် ကုတင်ဘေးသို့ ငုံ့ကိုင်းပြီး Ran Feng Ge ၏ ငြိမ်းချမ်းသည့် ရုပ်ဆင်းကြန်အင်ကို ကြည့်မိသည်။ ထို့နောက် ပြုစားခံလိုက်ရသည်လော၊ သို့တည်းမဟုတ် Ran Feng Ge၏ ဝင်သက်ထွက်သက်၌ပါသော အရက်နံ့ကို အပြစ်တင်ရမည်လော မပြောတတ်တော့ပါ။ Su Yi Mo အလိုအလျောက် ငုံ့လျှိုးတိုးကပ်သွားမိသည်မှာ သူ၏နှုတ်ခမ်းများနှင့် Ran Feng Ge ၏နှုတ်ခမ်းတို့ကို ညင်ညင်သာသာငုံထွေးမိသည်အထိပင်။

သူ၏အာခံတွင်းထဲက ပြည့်ဖြိုးသောနှုတ်ခမ်းနှစ်လွှာမှာ နူးညံ့ပြီး နှစ်လိုဖွယ်အရသာရှိ၏။

Su Yi Mo ၏ ကြင်ကြင်နာနာအနမ်းက စတင်ကြမ်းတမ်းလာသည်။ ထိုစဥ် Ran Feng Ge သည် သူ၏ ​ခြောက်အိပ်မက်ထဲမှ Lan Kuang ၏နိုင်လိုမင်းထက်အနမ်းကို အားကုန်ရုန်းကန်နေရသည်။

Ran Feng Ge ၏ရုန်းကန်မှုကို ခံစားရလျှင် Su Yi Mo က အားပိုထည့်သည်။ မည်သူတစ်ဦး​တစ်ယောက်ကိုမျှ သူ့အားဆန့်ကျင်ခွင့်မပြုဖူးပါချေ။ အချစ်ရေးတွင်ဖြစ်စေ သူကသာ ထိန်းချုပ်မည့်သူဖြစ်သည်။ ရုတ်တရက် Ran Feng Ge ကိုနမ်းရှိုက်လိုသည့် ဆန္ဒဇော.. သူ့ကိုဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်ပါ၏။ Ran Feng Ge ကမူ သူ့ခံတွင်းထဲသို့ ကျုးဝင်လာသော Su Yi Mo ၏လျှာကို ကာကွယ်ရန်အသည်းအသန် ကြိုးစားနေပါသည်။

လူစားထိုး Where stories live. Discover now