Ch 1.2

3.6K 306 4
                                    

Unicode

"အာ... မစ္စတာRan ကျွန်တော့်ကို ခင်ဗျားရဲ့ မျက်နှာအစစ်ကိုပြပါလားဗျာ..ကျွန်တော်က လွယ်လွယ်မခွဲခြား တတ်လို့ပါ" ဟု အိမ်ထိန်းက တောင်းပန်လေသည်။

စကားစမြည်ဆိုပြီးနောက်...ထိုသူက Su Yi Moရဲ့ အမြဲလိုလိုခံစားချက်မရှိတဲ့ မျက်နှာထားကို တစ်ချက်ကြည့်ရုံဖြင့် အတုခိုးခဲ့သည်။

'ဟား...ဒီ Ran Feng Ge ကတော့ ပြဿနာအကြီးစားပဲ။ ဒီလောက်အထိ သခင်လေးရဲ့ပုံစံအတိုင်း ရုပ်ဖျက်ထားနိုင်တယ်။ သခင်လေးရဲ့ဒေါသအရဆိုရင်...
ပြီးသွားရင်တော့ ငါ ဘယ်လိုတောင် အပစ်ပေးခံရမလဲမသိဘူး။'

Ran Feng Geက အိမ်ထိန်းရဲ့ ပျာယာခတ်နေတဲ့ တုန့်ပြန်မှုကို သတိပြုမိသွားပြီး ခပ်တိုးတိုးရယ်လေသည်။ သူက အိမ်ထိန်းအပေါ် သနားဂရုဏာသက်သွားတာကြောင့် သူ့ရဲ့မျက်နှာမှာ ဝတ်ဆင်ထားတဲ့ မျက်နှာဖုံးအလွှာပါးလေးကို ဖယ်လိုက်ပြီး အောက်ဘက်က သူ့ရဲ့ စွဲမက်ဖွယ်ချောမွေ့တဲ့ ကိုယ်ပိုင်မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။

မျက်နှာဖုံးကြောင့် လေသလပ်မခံထားရသည့် Ran Feng Geရဲ့မျက်နှာက ကနဦးပိုင်းမှာ အနည်းငယ်နီစွေးနေပြီး တစ်ယောက်ယောက်က တစ်ကိုက်လောက်ပြေးကိုက်ချင်အောင် ဆွဲဆောင်လို့နေသည်။

လက်တွေ့မှာတော့ ... တစ်ယောက်ယောက်ဆိုသည်မှာ Su Yi Moမပါ ပါချေ။

သခင်လေး Su က နောက်ဆုံးတော့ သူ့ရဲ့ ပါးစပ်ကို ပျင်းတွဲစွာဖွင့်လာခဲ့သည်။

"မင်း စာချုပ်ဖတ်ပြီးပြီလား"

"ဒါပေါ..ဘယ်လိုလဲ ငါ့ရဲ့ ကျွမ်းကျင်မှုကို စိတ်ကျေနပ်သွားပြီမလား" ဟု ပြောကာ Ran Feng Geက သွေးနားထင်ရောက်လို့နေသည််။ သူ၏ မျက်နှာကလည်း အားပါးတရပြုံးလို့။

"တကယ်လို့ မင်း စိတ်ကျေနပ်တယ်ဆိုရင် နောက်တစ်ကြိမ် ငါတို့ဆုံတဲ့အခါ ငါ့ကို အကြာကြီး မစောင့်ခိုင်းတာ အကောင်းဆုံးဖြစ်မယ်" ဟု သူ့ရဲ့ တောက်ပတဲ့အပြုံးကိုပြ၍ အေးစက်စက်လေသံနဲ့ တမင်ပင် ထိုးနှက်လိုက်သည်။

အဲဒါပဲ။ သူ့ကို ဧည့်ခန်းထဲမှာ နာရီဝက်လောက် စောင့်ရအောင် ပြုခဲ့တာက သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကုန်အောင်ဖြစ်စေသည်။

လူစားထိုး Where stories live. Discover now