Ch 12

1K 224 21
                                    

Unicode

ရေချိုးပြီးနောက် အဖြူရောင်ရေချိုးခန်းဝတ်စုံကို ဝတ်ကာ ခေါင်းကိုခြောက်အောင်သုတ်ရင်း Ran Feng Ge အေးအေးလူလူ ပြန်ထွက်လာသည်။

ဆိုဖာတွင်ထိုင်ရင်း ကော်ဖီစားပွဲပေါ်ရှိ ငွေအချို့နှင့်အတူ မှာစားလို့ရသည့် အစားအသောက်စာရင်းများ တစ်ထပ်ကြီး တွေ့ရသည်။ ဆိုင်းငံ့သွားပြီးမှ Su Yi Mo ပြောခဲ့သည့်စကားများကို သူ အမှတ်ရသွားသည်။

'သြ...သူ့ငါ့ကို ပြောသွားတာ အော်ဒါမှာစားဖို့ကိုး...'

သူက လည်ဆန့်ကာ အခန်းပတ်ပတ်လည်ကိုလိုက်ရှာ၏။ ဝဲဘက်ရှိတံခါးတစ်ချပ်တွင် သူ၏အကြည့်က မြဲမြံသွားသည်။ တံခါး၏ မှန်ကိုကျော်ကြည့်၍ ထိုဟာသည် မီးဖိုခန်းဆီသွားသည့်တံခါးဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်သည်။


Ran Feng Geသည်
စိုနေသည့်
ခေါင်းကို အကြိမ်ရေများများလေး အားစိုက်သုတ်ပြီးနောက် မတ်တပ်ထကာ မီးဖိုခန်းသို့ဝင်ခဲ့သည်။ ဆေးရုံမှာကတည်းက မှာစားရသည့် အရာများကို အားရအောင် သူစားခဲ့ပြီးပါပြီ။ ရှားရှားပါးပါး လွတ်လပ်စွာနေရသည့်အခိုက်လေး ကိုယ်စားချင်တာကို လုပ်စားသင့်ပါ၏။ အကြောင်းမျိုးစုံနှင့် သူ့လွတ်လပ်သည့်နေ့ကလေးများ ဘယ်ချက်ကုန်သွားမည်မသိရာ... သူ့ကိုယ်သူ နည်းနည်းလောက်ပြုစုရန် ဤအခွင့်အရေးကို အသုံးမချစရာအကြောင်းမရှိပေ။ သူက ရွှေအဆင့်လူစားထိုးတစ်ယောက်ဖြစ်ချင်ဖြစ်မည်...သို့သော် မလိုအပ်ဘဲနှင့် သူ့ကိုယ်သူ ဇွတ်ချုပ်တည်းနေ
မည်ဟု မဆိုလိုပါ။

ရေခဲသေတ္တာကို ဖွင့်လိုက်သည့်အချိန်တွင် သူမမျှော်လင့်ထားသည့်အရာက သူ့ကိုစောင့်ကြိုနေသည်။ ရှေးမဆွတွင် သူတွေးထားသည်မှာ ရေခဲသေတ္တာထဲ၌ အလွတ်နီးပါးဖြစ်နေလောက်မည်ဟု။

အခုနက ကိုယ်ဘာသာချက်စားရန် ရုတ်တရက်သူစိတ်ကူးပေါ်ခဲ့ သည်။ သို့သော် မီးဖိုခန်းရှိရာသို့ ဝင်လာစဥ် ကိစ္စတစ်ခုကို တွေးမိသွား၏။ အေးစက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသည့် Su Yi Mo လိုလူတစ်ဦးအတွက် သူဘာသာချက်စားရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ရေခဲသေတ္တာဆွဲဖွင့်ရင်းက မိမိ၏
မိုက်မဲမှုကို Ran Feng Ge ပြန်ရယ်မိသည်။

လူစားထိုး Where stories live. Discover now