Ch 28

851 147 9
                                    

Unicode

Chapter 28
An Interest ... One Should'nt Have
___________________________

"ငါတို့ရဲ့ ဒုတိယသခင်လေးကို ဘယ်သူကများ ဒေါသထွက်အောင် လုပ်နိုင်ရတာလဲ?" အမှုမဲ့အမှတ်မဲ့တွင်
ခပ်မြင့်မြင့်ပုံရိပ်က အနားမှာရောက်နေပြီး လတ်​တလော An Chen ကို နူးနူးညံ့ညံ့ငုံ့ကြည့်နေသည်။ ထို့နောက်
ပုံရိပ်က ကုန်း၍ ​မြက်ခင်းပေါ်က ပစ်ချခံထားရသည့် ဖုန်းကိုကောက်သည်။

An Chen ၏မျက်နှာထားက ဖော်ရွေသည့််အသွင်သို့ ချက်ချင်းပြောင်းသွားသည်။
သူက မတ်တပ်ရပ်လိုက်ပြီး ချစ်ဖွယ်စကားဆို၏။
"အစ်ကိုကြီး"

"မင်းကတော့ ဒေါသကို ဘယ်လိုထိန်းရမယ်ဆိုတာ သင်ယူဖို့လိုနေပါပြီ။ ဒေါသထွက်တိုင်း အနားကပစ္စည်းတွေကို ပစ်ပေါက်နေတော့တာပဲ။ ပြောပါဦး အခုနဲ့ဆို ဖုန်းဘယ်နှလုံးလောက် ခွဲပြီးပြီလဲ?"
An Mu သူ့လက်ထဲကဖုန်းကို ဘယ်ပြန် ညာပြန်စစ်သည်။
ထို့နောက် An Chen ဆီပြန်ပေး၏။
"တော်သေးတာပေါ့..ဖုန်းက မာလို့။ မဟုတ်ရင် ငါတို့မှာ မင်းခွဲရအောင် ဖုန်း လုံလုံလောက်လောက် ရှိမှာမဟုတ်ဘူး"

"ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး"
An Chen က တည်တည်ကြည်ကြည်ပြောသည်။
သူက ဖုန်းကို အိတ်ကပ်ထဲသို့ ကောင်းကောင်းမွန်မွန်ပြန်ထည့်၍ An Mu ကို ဂေါက်ကွင်းဆီဆွဲခေါ်သွားသည်။
"အစ်ကို..ဆက်ပြီးကစားရအောင်"

An Mu က သူ့ကို အကူအညီမဲ့စွာ ကြည့်သည်။
"ငါ ရေဆာလို့..သောက်စရာလာယူတာ"

သို့သော် An Chen က စားပွဲကို ပျံခိုင်းလိုက်ရာ သူဘယ်လို သောက်ရတော့မှာလဲ?
ယခု An Chen က သူ့ကို နောက်တစ်ချီကစားရန် ကွင်းထဲသို့ ဆွဲခေါ်ပြန်သည်။ သူ့လည်ချောင်းမှာ မီးလိုပူနေပြီ။
An Mu သက်ပြင်းချ၍ သူ့ကံကြမ္မာကို ကြိတ်မှိတ်လက်ခံလိုက်သည်။

An Chen က ခြေလှမ်းကိုရပ်လိုက်ပြီး ထိုအစား An Mu ကို ဝင်ပေါက်ဆီ ပြောင်းခေါ်သည်။
"ဒါဆို..မကစားတော့ဘူး။ ပြန်ကြမယ်"

"ထားလိုက်ပါတော့..ငါ မင်းနဲ့ တစ်ပွဲကစားပေးမယ်"
An Mu က သဘာဝအတိုင်း ကောင်းကောင်းမွန်မွန်တုန့်ပြန်၏။

လူစားထိုး Where stories live. Discover now