Ch 17

1.1K 205 27
                                    

Unicode

"Mi Le ? ဘာလို့ သူစိမ်းဆန်ဆန်တွေ လုပ်နေတာလဲ...Xiao Mi လို့ခေါ်နေကျမဟုတ်ဘူးလား ကဲ?"

Mi Le သည် သူ့လက်ထဲမှ ကော့တေးရှိတ်ကာ (cocktail shaker) ကို ကျွမ်းကျင်စွာ လှုပ်ရမ်းနေ၏။ လှိုက်လှဲစွာ ပြုံးနေပြီး
ထူးခြားသည်မှာ
သူမ၏ ပါးပြင်ထက်ဝယ် ပေါ်​နေသည့်
ပါးချိုင့်ကလေးနှစ်ခု ဖြစ်သည်။



"ဒီနေ့ ဒီမှာ လူတွေအများကြီးရှိနေတာလေ....ဆိုတော့ မင်းကို ငါ မျက်နှာသာပေးရမှာပေါ့"

Ran Feng Ge ဘားထဲက ခွေးခြေရှည် တစ်ခုပေါ်တွင် ထိုင်လိုက်သည်။
သူက ကောင်တာပေါ်သို့ တံတောင်နှစ်ဖက်တင်၍ မသိမသာ အရှေ့သို့ မှီလိုက်သည်။

" အက်(ဘ်)ဆင့်(absinthe)  တစ်ခွက်ရနိုင်မလား"

သူ၏ ကိုယ်နေဟန်ထားမှာ သာမန်ကာလျှံကာ ဖြစ်နေသော်ငြား ဘားအတွင်းက မဒီတစ်စုကိုမူ ကျေနပ် တွတ်ထိုးသွားစေသည်။

" ဘာခက်လို့ "

Mi Le က စကားပြော ပွင့်လင်းသည်။ သူမ တစ်ဖက်လူကို စနောက်လိုက်၏။

"ဒီကို ရောက်လာတာ မဒီလေးတွေ ဖမ်းဖို့များလား?"

Cheng Xi Ran ကလည်း Ran Feng Ge ၏ ဘေးတွင် ဝင်ထိုင်လျက် သိလိုပုံရသော မျက်ဝန်းများနှင့် ကြည့်လာပြီး သူ့အဖြေကို စောင့်သည်။


သူ လမ်းတွင်မေးခဲ့သော်ငြား Ran Feng Ge က မဖြေခဲ့။ Tian Lan ကို ရောက်အောင် စောင့်ပါဦးဟု ပြောခဲ့လေသည်။ ယခု ရောက်ပြီဖြစ်ရာ သူ့ဆီမှ အဖြေစကားကြားရရန် အချိန်ကျပြီ။

" အဲလိုပြောလို့ရပါတယ် .....
မင်းသာ အဖမ်းခံရင်ပေါ့ "

Ran Feng Ge က ညစ်ပြုံးနှင့် ထိုသို့ဆိုသည်။

Mi Le မျက်နှာနီသွားသည်။ သူမ က မကျေနပ်ကြောင်းပြရန် 'ကျစ်' ဟု အသံပြု၏။

Ran Feng Ge၏ စ​ကားကိုကြားသည်နှင့် Cheng Xi Ran က ချက်ချင်းထပြော
သည်။
" ကိုယ့်သူငယ်ချင်းရဲ့ ဇနီးကို ရိသဲ့သဲ့မလုပ်သင့်ဘူးလေ...Le Le က ငါ့မိန်းမနော်... မင်း ပေါက်ကရတွေ တွေးကို မတွေးရဘူး"

Mi Le ပြုံးသွားကာ Cheng Xi Ran ကို နူးနူးညံ့ညံ့ ကြည့်သည်။ သူ(မ) ၏ မျက်ဝန်း၌ ကြည်နူးခြင်းတို့ ပြည့်နေပါ၏။


လူစားထိုး Where stories live. Discover now