Ch 27

729 163 18
                                    

Unicode

Chapter 27
Not Allowed to Bother Him Anymore
___________________________

"ဟိုင်း..အချစ်။ သေတော့မသေသေးပါဘူးနော်"

ဖုန်းကောလ်ချိတ်မိသည့် တဒင်္ဂတွင် ရက်စက်ပြီးညှို့တတ်သောအသံဖြင့် သူ့ကို မေးလာသည့် ထိုမေးခွန်းကိုကြားလိုက်ရသည်။

တုန့်ပြန်မှုအနေဖြင့် သူ့မျက်ခုံးများ အလိုလိုတွန့်သွားသော်လည်း သူ တိတ်နေဆဲပင်။

သူ့ကို ပြန်ဖြေလေ့မရှိသည်ကို သတိပြုမိပြီး တစ်ဖက်သူက ဆက်ပြောသည်။
"ငါ ကမ်းလှမ်းတဲ့အလုပ်ကို ပြန်စဥ်းစားပေးမလား?"

Su Yi Mo က သူ့အကြည့်ကို လောလောဆယ်အိပ်ပျော်နေသည့် Ran Feng Ge အပေါ်အာရုံစိုက်ထားသည်။
သူ့ကို ငှားရမ်းချင်သည့် အခြားသူများ ရှိနေသည်လား?

'ဤသည်မှာ နားလည်လို့ရသည်။ နောက်ဆုံးတွင် သူကား ရွှေအဆင့်လူစားထိုးဖြစ်သည်။ သူ့တွင် ထိုသို့သော မြင့်မားသည့်ဂုဏ်သတင်း​ရှိနေရာ လူအများ
မျှော်လင့်သည့် သူ့စွမ်းရည်ပမာဏကလည်း သေးမည်မဟုတ်။ သို့သော် ကြည့်ရသည်မှာ ယခုဖုန်းဆက်သူက သူ့ကို အလုပ်လက်ခံအောင် မစွမ်းဆောင်နိုင်ခဲ့ပုံပင်။'

"မင်းကို ဒဏ်ရာရစေတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်အတွက် မင်းကို တကယ်လိုချင်တာပါ။ ခြုံကြည့်ရရင် ငါတို့ နှစ်နှစ်တောင် မိတ်ဆွေဖြစ်ခဲ့ကြတာပဲလေ။ အဲ့တော့ ငါ့ကို ချက်ချင်းကြီးမငြင်းပါနဲ့ ဟုတ်ပြီလား? ဘာပဲဖြစ်ဖြစ် မင်းက ရွှေအဆင့်လူစားထိုးမဟုတ်ဘူးလား?
မတူညီတဲ့ ဇာတ်ကောင်နှစ်ခုကို တစ်ပြိုင်တည်း သရုပ်ဆောင်ဖို့ မင်းအတွက် လွယ်ကူသင့်တာပေါ့။
ငါတို့ သေချာအောင်လုပ်ရမဲ့ တစ်ခု​တည်းသောအရာက မင်းရဲ့အခြားအလုပ်နဲ့ အချိန်ပဋိပက္ခ
တစ်စုံတရာ မဖြစ်စေဖို့ပဲလေ။
မင်းက တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်မှာဆိုပြီး မရမကဖြစ်နေရင်လည်း အခုအလုပ်ကို ဘာလို့မဖျက်လိုက်တာလဲ? လျှော်ကြေးပေးဖို့ ငါကူညီမှာပါ။ ကတိပေးတယ်။ ပိုက်ဆံက ငါ့အတွက် ပြဿနာမဟုတ်ဘူး။"
ခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင်
An Chen သည် လောလောဆယ် ဂေါက်ကွင်း၏ ကျောမှီတစ်ခုတွင် အပန်းဖြေနေ၏။
သူက မျက်လုံးကို အနည်းငယ်ကျဥ်း၍ အနီးတွင် တစ်ပွဲကစားနေသည့် ခပ်မြင့်မြင့်ပုံရိပ်တစ်ခုကို လှမ်းကြည့်နေသည်။
သူ့မျက်ဝန်းများထဲတွင် ဖုံးကွယ်မရသည့် အမူအရာတစ်ခုရှိနေပြီး ပြောမပြတတ်အောင် ပိုင်စိုးလိုမှုနှင့် အန္တရာယ်ရှိသော အနက်တစ်ခုကို ပေးစွမ်းနေ၏။

လူစားထိုး Where stories live. Discover now