Ch 32

718 153 17
                                    

Unicode

TN/ သတင်းတွေလည်းကြားမှာပါ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။ ကြားညပ်မသွားဖို့လည်းသတိပြုကြပါနော်။ ခဏတာအပန်းပြေစေဖို့ တင်ပေးလိုက်ပါတယ်။

__________________________

Chapter 32

I Like you the way you are
__________________________

Lan Kuang ၏မျက်ဝန်းများ ဆတ်ခနဲတွန့်သွားသည်။ သူက ချက်လက်မှတ်ကို ကောက်ကိုင်ပြီး ထက်ပိုင်းဖြဲလိုက်သည်။ ထို့နောက်
၄င်းကို နောက်တစ်ပိုင်းဖြဲပြန်၏။ စက္ကူစ အပိုင်းအပိုင်းကလေးများ ဖြစ်သည့်တိုင်အောင်ပင်။

"ခင်ဗျားမှာ ငွေနဲ့ပတ်သတ်ပြီး အာဃာတတွေများရှိလို့လား?"
Ran Feng Ge ကညည်းငြူသည်။
"ခင်ဗျား..မလိုချင်ရင်လည်း ပြန်ပေးလို့ရတာကို။ ဘာကြောင့်များ ဆွဲဖြဲပစ်ရတာလဲ?"

Lan Kuang ကသူ့ကိုမသိကျိုးကျွန်ပြုထားသည်။ လက်ကို တစ်ချက်ဝှေ့ကာ စက္ကူအစအနများကို ဝဲထုတ်လိုက်၏။ အချို့မှာ ရေချိုးကန်ထဲသို့ကျသွားသည်။ လေထုက တင်းကျပ်နေစေကာမူ..မြင်ကွင်းမှာ အနည်းငယ် ဆွတ်ပျံ့ဖွယ်ကောင်းနေသည်။

ငြင်းခုံရန် ပင်းပန်းသဖြင့် Ran Feng Ge ပြန်ဖို့ မတ်တပ်ရပ်လိုက်သည်။

Lan Kuang က သူ့ကို ချက်ချင်းဖမ်းဆွဲလာပြီး ပြုံးပြ၏။
"ပိုက်ဆံကို ပြန်ပေးရမယ်ဆိုတာက နောက်ပြောလိုက်တာပါ။ ဒါပေမဲ့ မင်းက တကယ်ကြီး အတည်ယူလိုက်တာလား။ ငွေက ကိုယ့်အတွက် ဘာမှအရေးမပါ ပါဘူး။ အရေးကြီးတာက မင်းနဲ့သိကျွမ်းရဖို့ပဲ"

Lan Kuang ဘက်က ကြင်ကြင်နာနာစကားဆိုသော်လည်း .. ထိုအမျိုးသားက သူ့ကို လုပ်ဇာတ်ခင်းနေခြင်းဟုသာ Ran Feng Ge သံသယရှိသည်။

Ran Feng Ge လွတ်အောင်ရုန်းပြီး ပြောလိုက်၏။
"ကျေးဇူးပြုပြီး...ခင်ဗျားရဲ့ ပရောပရည်နဲ့ညုတုတုစကားတွေကို အမျိုးသမီးတွေအတွက် ချန်ထားလိုက်ပါ"

"ဒါပေမဲ့ ကိုယ်က အမျိုးသမီးတွေကို စိတ်မဝင်စားဘူးလေ"
Lan Kuang က နောက်ဆက်တွဲခွန်းတုန့်ပြန်၍ Ran Feng Ge ကို နောက်တစ်ကြိမ် လက်ဆန့်ဖမ်းသည်။
သူက တင်းတင်းဆုပ်ထားရင်း မတ်တပ်ရပ်ကာ Ran Feng Ge အနားချဥ်းကပ်လာသည်။
"ကိုယ်က မင်းကို စိတ်ဝင်စားတယ်။ မင်းနဲ့ကိုယ်နဲ့ဆိုရင် ဘယ်လိုလဲ..သဘောတူလား?"

လူစားထိုး Where stories live. Discover now