Vol 1, Ch 1.1

9.9K 422 0
                                    


Trump Card

Unicode

"သခင်လေး.....Ran Feng Ge ရောက်ပါပြီ။ သူ ဧည့်ခန်းမှာပါ"

"Ok" ဟု Su Yi Mo က သူ၏အိမ်ထိန်းကို အသိရခက်စွာ အေးစက်စွာပြောခဲ့သည်။ အိမ်ထိန်း အကြောင်းကြားသည်ကို ကြားခဲ့ရသော်လည်း သူက သတင်းစာကို လက်မှမချချေ။ သူ၏အကြည့်တို့က သတင်းစာခေါင်းစီးမှသည် မျက်နှာချင်းဆိုင် နံရံ၏ မျက်နှာပြင်
ကျယ်ကျယ်တွင် ပြသထားသော ပုံများဆီသို့ ဖြည်းညင်းစွာ ရွေ့လျောသွားလေသည်။ သူ၏ နဖူးကြောများ တွန့်သွားကာ မျက်နှာတွင် ပူပန်မှုအချို့ ဖြစ်ပေါ်လာသည်။

များမကြာမီကပင် သတင်းစာများ၊မဂ္ဂဇင်းများ၊ဖျော်ဖြေရေးစာစောင်များ သို့မဟုတ် ရုပ်မြင်သံကြားများက တူညီသော ခေါင်းစဉ်တစ်ခုကို ထပ်ဖန်တလဲလဲ ဖော်ပြခဲ့ကြသည်။

ရုပ်ရှင်ကြယ်ပွင့် Jing Qiu Han သည် ပဲရစ်တွင် ရိုက်ကူးရေးလုပ်နေစဉ် ပစ်ခတ်ခံခဲ့ရသည်။ ကျည်ဆန်နှစ်ချက် ထိမှန်ခံရကာ စိုးရိမ်ရသောအခြေအနေဖြစ်သည်။ သည်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနာလိုသော ပြိုင်ဘက်တို့၏ ပစ်ခတ်လုပ်ကြံမှုဟု သံသယဖြစ်ရသည်။ Jing Qiu Han ကို တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးပြီဖြစ်၍ လတ်တလော ဆေးကုသမှုခံယူနေလေသည်။သို့သော် အခြေအနေမှာ စိတ်အေးဖွယ်မရှိချေ။

နာရီဝက်ကြာပြီးနောက်....

ဧည့်ခန်း ထဲတွင်...

"မင်းက Ran Feng Ge လား" ဟု Su Yi Moက သူ့ဘက်သို့ ကျောပေးထားသူကိုကြည့်၍ ဝေခွဲမရစွာ မေးလိုက်သည်။အမျိုးအမည်ဖော်၍မရသော ခံစားချက်တစ်စုံတရာ သူ့ရင်ထဲသို့ လှိုက်တက်လာလေသည်။

သည် ကိုယ်နေဟန်ထားကို ရင်းရင်းနှီးနှီး ...မြင်ဖူးပါသည်။

Ran Feng Ge က သူ၏ခေါင်းကို လှည့်လိုက်သည်။

"......."

Su Yi Mo ရော အိမ်ထိန်းပါ တောင့်ခဲသွားလေသည်။ အိမ်ထိန်းမှာ အလိုလိုပင် Su Yi Mo ရှိရာစောင်းငဲ့ကြည့်မိသည်။ သူ့သခင်၏ မျက်နှာသည်လည်း အလန့်တကြားဖြစ်ရပုံကို တူညီစွာဖော်ပြနေသည်။

အိမ်ထိန်းက တုံ့ဆိုင်း တုံ့ဆိုင်းနှင့်ပြောလိုက်သည်။

"..သခင်လေး..သူ..သူ."

လူစားထိုး Where stories live. Discover now