Ch 50

638 97 6
                                    

Unicode

Vol 2, Ch 3
Stumbling Upon A Secret

______________

ရန်ဖုန်ကော သူ၏ခါးဆီ ဆတ်ခနဲ ပုတ်လိုက်လျှင် သေးငယ်ထက်မြိသော ဓားသွားတစ်ခု လက်ထဲသို့ လျှောဝင်လာသည်။ သူက ဘေးဘက်သို့ ခြေလှမ်းဆုတ်ကာ ဓာတ်လှေကား၏ ထောင့်တစ်ခုတွင် နေရာယူလိုက်သည်။ ခေါင်းကိုမော့ပြီး မျက်နှာကြက်က အပေါက်ဆီ စူးစူးနစ်နစ်​ကြည့်နေ၏။

ခရက်ဟူသော ပီသသည့်အသံနှင့်အတူ တစ်စုံတစ်ယောက်က မျက်နှာကြက်အပေါက်ကို ဆွဲလှပ်လိုက်ပြီး အလင်းရောင်က အထဲသို့ အလုံးလိုက်ဝင်လာသည်။

ရန်ဖုန်ကော မျက်မှောင်ကြုတ်ကာ ဓားသွားကို သူ၏လက်ချောင်းများကြား လျှိုသွင်းလိုက်သည်။
အပေါ်က လူက အပေါက်သို့ သူ၏ခေါင်းကိုကပ်လိုက်သည်နှင့် သူက ဆီး၍ လေထဲမှတဆင့် ဓားဖြင့် ဖြတ်ဆွဲလိုက်သည်။

မမျှော်လင့်ဘဲ ထိုသူက သူ၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ရှောင်နိုင်၏။

"အားချိုး..ငါပါ"
သူတို့ချင်း အတည်ပြုပြီးနောက် ဓာတ်လှေကားအထက်မှ လူ၏ခေါင်းက ပြန်ဝင်လာသည်။
"သူဌေးက မင်းကိုတွေ့ချင်နေတယ်"

သူဌေး...? ဖြစ်နိုင်တာက... ရ
န်ဖုန်ကော သူ့ဘာသာ ရေရွတ်မိလိုက်၏။

"မြန်မြန်...ငါ နောက်ဆုံးမှာမှ မင်းကို တစ်ယောက်တည်းတွေ့ရဖို့ အခွင့်အရေးရလာတာ။ ဒါကို အသုံးမချရင်.. မကြာခင် လူသိကုန်မယ်။ သူဌေးသာ ဒေါသထွက်သွားရင် ဘေးနားက ဘယ်သူ့ကိုမှ အသက်ရှင်ရက်ထားမှာ မဟုတ်ဘူး။ "
ထိုလူက နှိုးဆော်ရင်း ကြိုးတစ်ချောင်းကို ပစ်ချပေးသည်။

သူ သွားသင့်လား? မသွားသင့်ဘူးလား?

ရန်ဖုန်ကောဆိုသည်မှာ မကြောက်တတ်သည့် စိတ်နှလုံးနှင့် သန်မာသော ပင်ကိုစွမ်းရည်ရှိ လူတစ်ယောက်ဖြစ်သည်။
မိနစ်ဝက်ခန့် တုန့်ဆိုင်းပြီးနောက် သူ လက်ကိုဆန့်၍ ကြိုးကိုဖမ်းဆုပ်လိုက်သည်။
ဓာတ်လှေကား၏ နံရံကို ကန်တက်ပြီး တစ်ဝက်လောက်အရောက်တွင် အပေါ်ကလူက ဆွဲတင်ပေးသည်။ ထို့နောက် ထိုလူက မျက်နှာကြက်ပေါက်ကို နေရာတွင် ပြန်ဖုံးပြီး သူတို့ရှိနေသည့် ကျဥ်းမြောင်းသောနေရာမှ ဦးဆောင်ထွက်ခွာသွား၏။ သူတို့ နောက်ထပ်ဓာတ်လှေကားတစ်ခုရပ်ထားရာသို့  ပိုက်လိုင်းများနောက်မှ လိုက်၍လာခဲ့ကြသည်။ ထိုအထဲသို့ဝင်ပြီးနောက် ထိုလူက အောက်ဘက် အထပ်သုံးသို့ သွားမည့်ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ဓာတ်လှေကား၏နံရံကိုမှီပြီး တံခါးပေါ်မှာ ပြသနေသည့် အထပ်နံပါတ်များကို ငေးကြည့်နေလေသည်။

လူစားထိုး Where stories live. Discover now