Ch 5

1.7K 272 0
                                    

Unicode

Fake act, fake kiss

သူတို့၏ နှုတ်ခမ်းများတွင် အနမ်းတစ်ပွင့်ဖူးပွင့် သွား၏။ သူ၏ စရိုက်နှင့်ထပ်တူစွာ Su Yi Mo၏ နှုတ်ခမ်းများက အေးစက်လှသည်။ နှစ်ဦးစလုံးက တစ်ဖက်သူနှုတ်ခမ်းသား နှင့်ထိချိန်တွင် ဓာတ်လိုက်သည်နှင့်ဆင်သော တစ်စုံတရာ ကို ခံစားမိကြသည်။ Ran Feng Geက မရည်ရွယ်ပဲ သူ့မျက်စောင်းထိုးမှာရှိသော လုပ်ကြံသူကို ဖျတ်ခနဲကြည့်မိသည်။ သို့သော် နောက်ထပ် Su Yi Mo က တစ်ခုခုကို သဲလွန်စပြနေသလိုမျိုး သူ၏ခါးကို အားနှင့် ဖျစ်ညှစ်လိုက်သည်။

Ran Feng Ge၏ မျက်ဝန်းတို့က တစ်ချက်တောက်ပသွားပြီး ဆိုလိုရင်းကို မဆိုင်းမတွနားလည်လိုက်သည်။

သူတို့ ပြပွဲတစ်ခုဖန်းတီးနေတာပဲ!

'ဒါဆို ဒီပုဂ္ဂိုလ်က လုပ်ကြံသူရဲ့ရှေ့မှာ ပြပွဲလေးတင်ဆက်ချင်တာပေါ့လေ..'

ချက်ချင်းပင် Ran Feng Geက လုပ်ကြံသူကို အာရုံမစိုက်တော့ဘဲ Su Yi Moကိုသာ စိတ်နှစ်၍ ပြန်လည်အနမ်းပေး လိုက်သည်။

ယခင်က သူ၏အလုပ်များတွင်  အခြားသူများနှင့် သရုပ်ဆောင်ရင်းနမ်းရသည့်အချိန်များရှိခဲ့ဖူးသော်လည်း ယောက်ျားတစ်ယောက်ကို နမ်းရသည်ကတော့ သည်တစ်ကြိမ် ပထမဦးဆုံးဖြစ်သည်။

အမှန်တကယ်တမ်း Ran Feng Ge ၏ခေါင်းမာပြီး အလျော့မပေးတတ်သည့်သဘာဝအရ မူးဝေပြီး နားဝေတိမ်တောင်ဖြစ်နေလျှင်တောင် Su Yi Mo၏ အနမ်းကို ခွင့်ပြုရန် အကြောင်းတစ်ခုမျှမရှိ။ ယခုလို ခွင့်ပြုပေးလိုက်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူအလွန်စိတ်ရှုပ်ထွေးနေသည့်အတွက်ဖြစ်သည်။

သူက မတော်တဆ Su Yi Mo၏ လျှာကိုကိုက်မိလိုက်သော်လည်း နောက်ပိုင်းတွင် ဘာကိုမှသတိမမူမိတော့။ ဆက်လက်၍ Su Yi Moက Ran Feng Geအား အသက်ရှူမဝအောင်နမ်းရှုပ်ပြီး သူ၏လျှာနှင့် နှုတ်ခမ်းတို့ဖြင့်  ဇွတ်အတင်း ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို​နောက်တွင် Ran Feng Ge က တစ်စုံတစ်ရာကိုအမှတ်ရသွားသည်။ သူက အပြင်းအထန်နာမကျန်းရာမှ ပြန်လည်နာလန်ထူလာသည့် လူနာတစ်ဦး မဟုတ်ပါလား။ ထို့အတွက် သူက သွက်လက်သန်မာ နေဟန် သရုပ်မဆောင်သင့်ပေ။ သို့​ကြောင့် သူသည် သတိမေ့မြောသွားပုံမျိုးနှင့် သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းရင်း ပျော့ခွေချလိုက်သည်။

လူစားထိုး Where stories live. Discover now