Ch 40

762 133 6
                                    

Unicode

Chapter 40
Custoom bulletproof-shirt
_________________________

Jin Qiu Han အဖြစ် သူ၏ တရားဝင်လူထုရှေ့ပြန်ထွက်ခြင်း မတိုင်မီ သုံးရက်အလို..Cheng Xi Ran ထံမှ ဖုန်းကောလ်တစ်ခုကို Ran Feng Ge လက်ခံရသည်။

"ကလေကချေလေး..အသက်ရောရှိသေးရဲ့လား? ငါတို့ကို မဆက်သွယ်တာ ကြာ ကြာလှပြီ"

"ကျေးဇူးပဲ..အခုထက်ထိတော့ အသက်နဲ့ကိုယ် မြဲနေသေးလို့။ စိတ်များပျက်သွားမလား?"
Ran Feng Ge က ပြောနေကျဟာသနှင့် ပြန်ဖြေသည်။

"ဟုတ်ပ..တော်တော် စိတ်ပျက်သွားပြီ။ ဒီတစ်ကြိမ် ဘယ်လိုအလုပ်မျိုး လက်ခံခဲ့တာတုန်း? ငါတို့နဲ့ တွေ့ချိန်တောင်မရှိဘူး။ ဘာ​ပဲဖြစ်ဖြစ် ငါရှိနေတာ မင်းနဲ့တစ်မြို့တည်းမှာပါ။ အချိန်ရရင် လာလည်။ ငါ့ဆီမှာ အကြွေးတင်နေလို့ ငါနဲ့ မတွေ့ရဲသလိုမျိုး လုပ်မနေနဲ့"
Cheng Xi Ran က ဆက်၍တရစပ်ဆိုသည်။ သူကား အခွင့်အရေးပေးသည်နှင့် ပါးစပ်သေနတ်ပစ်​ရခြင်းကို အမြဲနှစ်ခြိုက်သူ။
"ဟေး..နယူကလီးယားဗုံးတွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဒီတစ်လလုံးလှောင်ပိတ်ထားမယ်လို့တော့ မပြောနဲ့နော်"

"ငါ့ကို မင်းလို ထင်နေလား?"
Ran Feng Ge မျက်ဖြူလှန်လိုက်သည်။
"ငါက အဲဒီဟာတွေမှာ ပါရမီမပါဘူး"

"အေး ဟုတ်တယ်"
သင်သာ Cheng Xi Ran ကို ဆိုးဆေးတချို့ပေးကြည့်၊ သူက ထိုဟာများကို ဆိုးဆေးစက်ရုံတစ်ခုတွင် သုတေသနလုပ်လိမ့်မည်။ သင်သာ သူ့ကို နေရောင်နည်းနည်းပြကြည့်၊ သူက သူ့ဘာသာတောက်ပနိုင်မည့်နည်းလမ်းကို ကြံဆလိမ့်မည်။ Cheng Xi Ran ဆိုသည်မှာ အတိအကျကို သိလိုစိတ်ပြင်းပြသည့်လူစားမျိုး။ Ran Feng Ge ၏စကားကြောင့် သူက သူ့ဘက်သူယက်လျက် စတင်ချီးကျူးလေသည်။
"ငါ့ရဲ့ ကျွမ်းကျင်မှုကိုတော့ ဘယ်သူမှမယှဥ်နိုင်ဘူး"

"ဟေး ဘရို..မင်း ငါ့ကို ကြွားဖို့နဲ့ဖုန်းဆက်လိုက်တာလား ဟုတ်လား?"
Ran Feng ကြမ်းခင်းမှ မျက်နှာကြက်အထိရှိသော ပြတင်းပေါက်များဆီ အပျင်းပြေလျှောက်သွားသည်။
သူက ပျင်းပျင်းဖြင့် တစ်ဝက်တစ်ပျက်လျှောက်ပြီး တိမ်ဖြူဖြူများ အလှဆင်ထားသည့်ကောင်းကင်ပြာနှင့် သူ့အောက်က စိမ်းစိမ်းစိုစို သစ်ပင်များကိုရှုစားသည်။
"မင်းရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ငါ ပြည့်ပြည့်စုံစုံ၊ရှင်းရှင်းလင်းလင်းသိပါတယ်။ ငါ့ကို လာပြီး ဟိတ်ထုတ်ဖို့မလိုတော့ဘူး ဟုတ်ပြီလား?"

လူစားထိုး Where stories live. Discover now