Ch 48

952 109 11
                                    

Unicode

Vol 2 Ch 1
"Returning to the Entertainment
Industry" Huge...

______________________________

ဟွမ်းယွီ အဆောက်အဦး..

အနက်ရောင်ဂျာဂွားတစ်စီး ပြင်ပယာဥ်ရပ်နားရာသို့ ဆိုက်ရောက်လာသည်။ လုံခြုံရေးအစောင့်များက ချက်ချင်းဆိုသလို ရှေ့ထွက်ပြီး ​အရှေ့၊အနောက် တံခါးနှစ်ပေါက်လုံးကို
ကျင့်သားပြည့်ဝစွာ တစ်ပြိုင်နက်ဖွင့်သည်။ ကားထဲမှ ထွက်လာသည့် အမျိုးသားနှစ်ဦးကို သူတို့ လေးလေးစားစား နှုတ်ခွန်းဆက်၏။
"ဥက္ကဌ ဆု!
မစ္စတာ ကျင့်!"

"အင်း"
ဆုယီမော့
က ထူးမခြားနားစွာ တုန့်ပြန်ပြီး အမိန့်ပေးသည်။
"ကားကို ယာဥ်ရပ်နားကွင်းမှာ ပါကင်ထိုးလိုက်၊ ပြီးရင် သော့ကို ငါ့ရဲ့ လက်ထောက်ကိုပေးလိုက်"

"ကောင်းပါပြီ။ ဥက္ကဌ ဆု"
လုံခြုံရေးအစောင့်က ထိုးပေးသည့်သော့ကို ယူပြီး ကားကို မြေညီထပ် ယာဥ်ရပ်နားကွင်းဆီ မောင်းသွားသည်။

ဆုယီမော့ က သူ၏ နက်ကတိုင်ကို ပြုပြင်ပြီး ရန်ဖုန်ကော ကို ပြောလိုက်သည်။
"လာ"

ရန်ဖုန်ကော က အဓိက ဒဏ်ရာများမှ အရှင်းမသက်သာသေးသဖြင့် ဆုယီမော့ က စောင့်ရှောက်လိုပုံ အသွင်တုအောက်တွင် နှစ်ယောက်သား ပူးကပ်လိုက်ကြသည်။ ရလဒ်အနေဖြင့် သူတို့၏ ခြေလှမ်းများကို ပုံမှန်နှုန်း၏ ထက်ဝက်မျှဖြင့်သာ မှန်မှန်လှမ်းရတော့သည်။

ရန်ဖုန်ကော မှာ ပိန်သွားပုံပေါ်ပြီး သူ၏ မျက်နှာက အတန်ငယ်ဖြူလျော်နေသည်။သို့သော်လည်း သူ၏ အသားအရောင်က ဆက်တိုက်တိုးတက်လာပုံပေါ်၏။

ဝင်ပေါက်နှင့် ခန်းမအကြား လမ်းတစ်လျှောက် လူပေါင်းများစွာ၏ နှုတ်ဆက်ခြင်းကို ခံရသည်။ ရန်ဖုန်ကော ခေါင်းငြိမ့်၍ တစ်ယောက်ပြီးတစ်ယောက် ပြုံးပြခဲ့ရ၏။

ဦးစွာ ရန်ဖုန်ကော အလုပ်လုပ်သည့် အထပ်နှစ်ဆယ်မြောက်သို့ ဆုယီမော့ က ခေါ်ဆောင်သွားသည်။ လုပ်ဖော်ကိုင်ဖက်များ ပျားပန်းခတ်၊ အသိမိတ်ဆွေများ ပြည့်နှက်နေသည့် အောက်ထပ်ခန်းမနှင့်နှိုင်းစာလျှင် ဤအထပ်က ဘာဆိုဘာမျှ ရှိမနေပုံပေါ်သည်။ ရန်ဖုန်ကော နဖူးကြောတို့တွန့်၍ သူ့ဘာသာ ခန့်မှန်းကြည့်သည်။
ကျင့်ချိုးဟန် တွင် ဤအင်တာတိန်းမန့်အသိုက်အဝန်း၌ နာမည်ဂုဏ်သတင်းကောင်း မရှိ၍လော..
အဲသည်လိုမှ မဟုတ်လျှင် မည်သည့်အတွက် ဤအထပ်ရှိ  နာမည်ကြီးများ၊ ဒါရိုက်တာများ ဇာတ်ညွှန်းဆရာများအားလုံးက သူ သဲလွန်စမရှိ ပျောက်သွားသည့်ကိစ္စနှင့် ပြန်ပေါ်လာသည့်ကိစ္စအပေါ် မသိကျိုးကျွံပြုရန် ဆုံးဖြတ်ထားကြပါသနည်း။

လူစားထိုး Where stories live. Discover now