Ch 44

751 140 13
                                    

Unicode

Chapter 44
The are actually related?
__________________________

သူမ၏ သွယ်ပျောင်းသောလက်ချောင်းများဖြင့် ဆယ်လက်မလက်ပ်တော့လေး၏ ကီးဘုတ်ကိုခေါက်လိုက်သည်။ လေးနက်သည့်မျက်နှာထားနှင့် Mi Le တစ်ယောက် ရှာနိုင်သမျှ သတင်းအချက်အလက်အားလုံးကို ဆွဲယူလိုက်သည်။
သူမက လက်ပ်တော့ကို Cheng Xi Ran ဘက်သို့ လှည့်ပေးပြီး စကားစပြောသည်။
"ဒီမှာကြည့်..ငါဘာလို့ လန့်သွားရသလဲဆိုတာ"

စခရင်ပေါ်က ဖိုင်ကို Cheng Xi Ran စူးစမ်းကြည့်သည်။ အဆုံးသို့ရောက်သည့်အချိန်တွင် သူ့မျက်နှာသွင်ပြင်မှာ ထိတ်လန့်ဖွယ်ရာ ဒီဂရီတစ်ခုအထိ မည်းမှောင်နေလေပြီ။
"တစ်နည်းပြောရရင် Su မိသားစုနဲ့
အမဲလိုက်သိမ်းငှက်ဆိုတာ အရင်းအမြစ်တစ်ခုတည်းကလာတာ။ သူတို့နှစ်ခုလုံးက Falcon ရဲ့
လက်တက်ပွားတွေပဲ။ Su မိသားစုအခွဲကသာ တဖြည်းဖြည်း ထိန်းချုပ်ပြီး အတိတ်က သူတို့ရဲ့လက်တွေကို သန့်ရှင်းသွားအောင် ​ဆေးကြောပြီး ပျောက်သွားတာ။
အခုကျ သူတို့က သိက္ခါကြီးတဲ့ Su မိသားစုဆိုပြီး ကျော်ကြားတဲ့ဂုဏ်သတင်းကိုရနေပြီ။ တစ်ဖက်မှာ အမဲလိုက်သိမ်းငှက်ကျ သူတို့ရဲ့ ဂုဏ်သတင်းကို ​ဒုစရိုက်လောကမှာ ဆက်ထိန်းထားပြီး သူတို့ရဲ့ဘော့စ် Lan Kuang ဆိုတာ အန္တရာယ်ကောင်ပဲ။ "

"မှန်တယ်..ပိုပြီးတိတိကျကျပြောရရင် Su မိသားစုက Falcon ရဲ့ ခေါင်းဆောင်အစစ်ဖြစ်ပြီး Lan မိသားစုက အရန်လက်တက်ပွားတစ်ခုသာပဲ။ ဒါပေမဲ့ အခု Lan မိသားစုက မြေအောက်လောကမှာ ပိုပြီးလွှမ်းမိုးကျော်ကြားပြီး Su မိသားစုက စီးပွားရေးလောကမှာ ပိုလူသိများတယ်။ ကျွန်မမှန်းတာမမှားရင်..အဲဒီမိသားစုနှစ်ခုက တစ်ဖက်သူကို သူတို့ရဲ့ခြေထောက်အောက်မှာ နင်းခြေပြီး သူတို့ရဲ့ခွန်အားက ပိုသာကြောင်းသက်သေပြဖို့ အကြိတ်အနယ်ရန်စောင်နေကြတာပဲ။ အကုန်လုံးက လွန်ခဲ့တဲ့ရာစုနှစ်တွေဆီက သူတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ထုတ်ချင်နေတယ်"
Mi Le က ကွန်ပျူတာကို သူမဘက်သို့ ပြန်လှည့်လိုက်ပြီး သူမတို့၏ လုံခြုံရေးစိတ်ချရအောင် ဝင်ခဲ့သည့် လမ်းကြောင်းများ၏ မှတ်တမ်းကို ကျွမ်းကျင်စွာဖျက်နေသည်။

လူစားထိုး Where stories live. Discover now