Ch 3

1.9K 286 2
                                    

Ch3
Flirting in the open

Unicode

ညနေပိုင်းတွင် ဆရာဝန်က ပုံမှန်လုပ်ရိုးလုပ်စဥ် စစ်ဆေးရန် ရောက်လာခဲ့သည်။ ခဏကြာတော့မှသာ တံခါးပိတ်ကာ ထွက်သွားပြီး သူ့တစ်ယောက်တည်း ချန်ခဲ့တော့သည်။

Ran Feng Geက သူ့ရဲ့ဆာလောင်နေသောဗိုက်ကို ပွတ်သပ်ရင်း သင်ပြင်းဖွဖွချ၏။

သူ ဘာလုပ်ဖို့ ကြံနေတာလဲ?သူက
ဤပုဂ္ဂိုလ်သည် အတိမ်းအစောင်းမခံသည့်လူနာ၏ အစားထိုးသာဖြစ်သည်ကို မေ့နေသလော ။မိမိ ဟန်​ဆောင်နေသည့်သူက သတိလစ်နေသူဖြစ်ရုံသာမက ဘာ​ဆိုဘာမျှလည်းမစားနိုင်ချေ။ ဆိုသော်လည်း သူကိုယ်တိုင်က လူနာအစစ်မှမဟုတ်ဘဲ။ Su Yi Mo က သူ့ကို တစ်နေကုန် သွေးပြန်ကြောထဲ ဆေးရည် ထိုးသွင်းထားရသည့်အခြေအနေ​နဲ့ အသက်ဆက်ဖို့ မျှော်လင့် နေတာတော့မဟုတ်ပါဘူးနော်...သူ ​မျှော်လင့်နေသလား?

အခန်းအပြင်ဘက်တွင် အရှူံးပေးရန်ဆန္ဒမရှိသော သတင်းသမားများက စောင်ကြပ်နေကြရာ လစ်ထွက်ပြီး တစ်ခုခုစားရန် အခွင့်အရေးသူ့မှာ မရှိပေ။

ဘယ်လောက်တောင်မိုက်မဲလိုက်တဲ့ သူ့ရဲ့အတွက်အချက် မှားမှုကြီးလဲ?

ခန္ဓာကိုယ်ထဲမှာ ကျည်သုံးထောင့်ဝင်နေပါတယ်ဆိုမှတော့ ရက်သတ္တပတ်အနည်းငယ်တော့ လူနာအဖြစ် သရုပ်ဆောင်ဖို့လိုအပ်သည်။ ဒီလိုဆို နောက်ထပ်​ရက်ပတ်တွေကို သူဘယ်လိုများ ရင်ဆိုင် ရှင်သန်ရပါ့။

သေပါတော့... ​စျေးကြီးပေး တယ်ဆိုတဲ့ အကျိုးဆက်ကဘာလဲ? အငတ်ခံနေရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့ပေ။

Ran Feng Ge က သိသာစွာ မကျေနပ်မှုကြောင့် အသံတိတ်ဆဲရေးလိုက်သည်။ သူက သက်ပြင်းမောကြီးချကာ မံမီဇာတ်ရုပ်ကိုသာ ဆက်လက်သရုပ်ဆောင်ရတော့သည်။

သုံးရက်ကြာပြီးနောက်...သူ့တွင် လူနာကြည့် မည့်သူအချို့ ရလာပြီ။

Su Yi Mo ကလည်းအလွန်ပါရမီထူးသော သရုပ်ဆောင်ပင်။ ဆရာဝန်က လူနာခန်းအတွင်း ဝင်ရောက်နိုင်ပါပြီဟု သူ့ကိုပြောသောအခါတွင် အေးစက်စက်မျက်နှာက ရှားရှားပါးပါးစိတ်လှုပ်ရှားမှုကို ​ဖော်ပြလာ၏။

လူစားထိုး Where stories live. Discover now