Ch 34

715 150 17
                                    

Unicode

Chapter 34
Employer- Employee Relationship
____________________________

"ဟေး..မင်း An Mu နဲ့သိလား?"

ရေကူးကန်၏ အခြားတစ်ဖက်သို့ Ran Feng Ge ကူးတော့မည်ကို မြင်လျှင် Lan Kuang က သူ့ကိုလိုက်ဖမ်းနေခြင်းကို ရပ်လိုက်ပြီး ထိုအစား ရှင်းရှင်းလင်းလင်း အသံကိုမြှင့်ကာ မေးခွန်းတစ်ခုမေးလိုက်သည်။

Ran Feng Ge ခေါင်းထဲတွင် ချာလပတ်ရမ်းသွားပြီး သူ့လက်နှစ်ဖက်က လမ်းခုလပ်တွင် အနည်းငယ်တန့်သွားသည်။
သူတို့မသိကြပါဟု လိမ်ပြောသင့်​သလော..သူငယ်ချင်းတွေဟု ပွင့်ပွင့်လင်းလင်းဝန်ခံသင့်သလော။

ငြိမ်သက်နေသော ကန်၏ရေပြင်ဆီ မျက်လွှာချရင်း သူတို့ရောက်နေသည်မှာ An Ping ရုံးချုပ်တွင်ဖြစ်ကြောင်း၊ An မိသားစု၏အပိုင်ဖြစ်ကြောင်း Ran Feng Ge ရုတ်ခြည်းသတိရသွားသည်။

အကျိုးဆက်အနေဖြင့် သူက ထူးမခြားနားစွာ ဖြေလိုက်သည်။
"An Mu..?An မိသားစုရဲ့ သခင်လေးလား။ အင်းလေ ကျွန်တော်တို့ သိတာပေါ့။ ကုန်ကုန်ပြောရရင် ဒီနေရာက An မိသားစုပိုင်တာပဲမဟုတ်ဘူးလား?"

Lan Kuang ခေါင်းငြိမ့်သည်။
"မင်းက တော်တော် ဗဟုသုတရှိသားပဲ။ မင်းတို့ချင်း ဘယ်လိုသိကြတာလဲ?"

"ခင်ဗျားသိစရာမလိုပါဘူး..ဟုတ်တယ်မလား?"
Ran Feng Ge ရုတ်တရက် လွန်ခဲ့သည့်ရက်အနည်းငယ်က An Chen ပြောခဲ့သော စကားများကို အမှတ်ရသွားပြီး စိတ်ကူးတစ်ခုပေါ်လာသည်။
သူက ရေကူးကန်လှေကားကို တက်လိုက်ပြီး ကုန်းပတ်ပေါ်တက််ထိုင်လိုက်သည်။
ကျောကို အဝတ်လဲခန်း၏ တံခါးတွင်မှီကာ ရေထဲရှိ Lan Kuang ဆီမျက်နှာမူရင်း ရယ်ရယ်မောမော ဆက်ပြောသည်။
"An Mu ရဲ့သတင်းတွေကို ကျွန်တော့်ဆီကနေ စုဆောင်းဖို့ကြိုးစားနေတာလား? ကျွန်တော်ကြားတာတော့ ခင်ဗျား သူ့ကိုတော်တော်လေး စိတ်ဝင်စားဆို။ ဒါဆို ခင်ဗျား လူရွေးမှားသွားပြီ။ကျွန်တော် သူ့ကိုသိပ်မသိဘူး..ကူညီချင်ပေမဲ့လည်း.."

"မင်းဘယ်သူ့ဆီကနေကြားခဲ့တာလဲ?"
Lan Kuang ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။ သို့သော် သူ An Mu ကိုစိတ်ဝင်စားနေကြောင်း မဖုံးကွယ်ပါ။ အနည်းငယ် ဒေါပွနေပြီး သူကထပ်​ပြောသည်။
"​ဟုတ်တယ်။ ကိုယ်သူ့ကို စိတ်ဝင်စားတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကိုယ်တို့ ကာလတိုပတ်သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ငါတို့နှစ်ယောက်လုံး ဟန်ဆောင်ခဲ့ကြတာ။ ထပ်ပြောရရင်..ငါ့ရဲ့မူလရည်မှန်းချက်က ငါတို့ရဲ့ပတ်သတ်မှုကနေ အခွင့်ကောင်းယူဖို့ နောက်ပြီး ငါလိုအပ်တဲ့အခါ အကျိုးအမြတ်ရဖို့ပဲ။ ဒါကြောင့် ငါ သူ့အပေါ်ရက်စက်တာတွေ အများကြီးလုပ်မိတာပဲ အဖတ်တင်သွားတယ်"

လူစားထိုး Where stories live. Discover now