Ch 30

805 150 6
                                    

Unicode

Chapter 30
Successful Deception
_______________________

သတင်းစာရှင်းလင်းပွဲက တဖျပ်ဖျပ်လက်နေသည့် ကင်မရာမီးပင်လယ်အောက်တွင် ပြီးစီးသွားသည်။

Su Yi Mo အရင်ဆုံး မတ်တပ်ရပ်ကာ Ran Feng Ge ကိုတွဲရန် ဘေးသို့သွားလိုက်သည်။
သူ၏ သဘာဝကျကျဆောင်ရွက်မှုက ဖန်များ၏ လက်ခုပ်သံများနှင့် ကြည်နူးသံစီညံညံကို သဲ့ယူနိုင်သည်။

ထို့နောက် Ran Feng Ge က ဖန်များဆီ အနမ်းတစ်ပွင့် မှုတ်ထုတ်လိုက်ရာ လူအုပ်ကြီးကို ပို၍ ကြွက်ကြွက်ညံသွားစေသည်။

Su Yi Mo ၏မျက်နှာထားက ချက်ချင်းပြောင်းပြန်လှန်လိုက်သလို..။ သူက ဒဏ်ရာရှင်ကို ဇာတ်ရုံထဲမှ အမြန်ဆွဲထု​တ်ကာ ဗီအိုင်ပီဓာတ်လှေကားဆီ ခေါ်သွားတော့သည်။

Su Yi Mo ၏ပြုမူပုံကို ဖန်များက အနမ်းပွင့်အတွက် မနာလိုရုံမျှဟု ယူဆကြသဖြင့် အလွန်အကျွံဖြစ်မသွား။ သူတို့က အတွေးနှင့်ပြုံးကြသည်။

Su Yi Mo ၏နောက်ကလိုက်ကာ ဓာတ်လှေကားအတွင်း ဝင်ရင်း Ran Feng Ge မှန်ထဲမှ သူ့ပုံရိပ်ကို ပြုံးကြည့်လိုက်သည်။

Su Yi Mo က သူ့ကို ထောင့်တစ်နေရာဆီဆွဲခေါ်ကာ သိုင်းဖက်သည်။ ရုတ်တရက် အတူတူ ပူးကပ်ပြီးအရပ် Ran Feng Ge တစ်ဖက်သူ၏ အသက်ရှုသံနှင့် အသံတိုးတိုးကိုပင်ကြားနိုင်သည်။ ကောင်းကောင်း
မသိသူများအတွက် သူတို့ ပရောပရည်လုပ်နေသည်ဟု တွေးကောင်းတွေးကြပါလိမ့်မည်။
အမှန်မှာ Su Yi Mo က သူ့ကို မေးခွန်းတစ်ခုမေး​လာခြင်းဖြစ်သည်။
"သူ မင်းကို ဖုန်းခေါ်ပြန်ပြီလား?"

"သူ..? ဘယ်သူလဲ?"
Ran Feng Ge အမေးဖြင့်ဖြေလိုက်သည်။

'ဒီလူ..သူ့ကိုယ်သူ သွေးနားထင်ရောက်နေတာလား? သူကလည်း ငါရဲ့ ဖုန်းတစ်ကောလ်ကို ခိုးကိုင်သေးတယ် အခု ငါ့ကို ပြန်စစ်ဆေးနေတယ်'

"ဟန်ဆောင်မနေစမ်းနဲ့.. ငါ ဘယ်သူ့အကြောင်းပြောလဲ မင်းသိပါတယ်။ "
Su Yi Mo က Ran Feng Ge ၏ပါးကို အုပ်ကိုင်ပြီး စူးစူးကဲကဲကြည့်သည်။ သူတို့နှစ်ယောက်သာ သိသည်မှာ Su Yi Mo ၏အကြည့်က ချစ်မြတ်နိုးမှုမဟုတ်ဘဲ သတိပေးမှုဖြစ်ကြောင်းကို..။

လူစားထိုး Where stories live. Discover now