Ch 13

1K 212 16
                                    

Unicode


"တင်း တောင်..တင်း တောင်"

တံခါးဘဲလ်သံက ရုတ်တရက်မြည်လာသည်။

အမှာလာပို့​တာဖြစ်မည်ဟု Ran Feng Ge တွေးလိုက်ပြီး ဒုတိယထပ်ဆီ လှမ်းအော်လိုက်ပါသည်။

"Ah Mo...မင်းရဲ့စားစရာ ရောက်နေပြီ"

မိနစ်အနည်းငယ် စိတ်အခြေအနေကို ညှိယူပြီးနောက်... Ran Feng Ge သည် သူ၏ပုံမှန် 'လုပ်ငန်းခွင် စိတ်
ထား' ကို ပြန်ရပြီ။ မတိုင်ခင်က ဖြစ်ပျက်ခဲ့သည်အတွက် ဒေါသထွက်နေဆဲဟု ပြော၍ရသည့် အခြေအနေမျိုး လုံးဝမရှိတော့ပေ။

Su Yi Mo က လှေကားမှ ဖြည်းဖြည်းဆင်းလာသည်။ ဆိုဖာတွင်ထိုင်နေသည့် Ran Feng Ge ထံ တစ်ချက်အသာကြည့်ပြီး အရှေ့တံခါးဆီသွား၍ ဖွင့်၏။

အတိအကျပင်။ အမှာပို့လာခြင်း.... Su Yi Mo က ကုန်ချောပို့သူကို ငွေချေပြီး တံခါးကိုပိတ်လိုက်သည်။ ထို့နောက် ပီဇာဘူးအကြီးကြီးကို ကိုင်ကာ အခန်းထဲသို့ဝင်လာ၏။


Ran Feng Ge ၏ ညာဘက်နားရွက်က ဆတ်ခနဲဆွဲသွားသည်။ ပြီးသည်နှင့် သူ၏မျက်နှာမှာ တမုဟုတ်ချင်းဖြူလျော်သွား၏။ သူက ချက်ချင်းထရပ်ကာ Su Yi Mo၏ ဘေးသို့ပြေးလာသည်။ တစ်ဖက်သူ၏ လက်ထဲရှိ ပီဇာဘူးကို ဆွဲလုပြီး တံခါးကို ခြေဖြင့်ကန်ဖွင့်၍ ၄င်းကို အခန်းပြင်သို့အားနှင့်ပစ်ထုတ်
လိုက်သည်။

Ran Feng Ge ၏လှုပ်ရှားမှုများက လျှပ်စီးလိုသွက်လက်၍ မျက်စိတစ်မှိတ်အတွင်း၌ Su Yi Mo၏ လက်ထဲက ဗီဇာဘူးမှာ ပျောက်ကွယ်သွားပြီ။ သူက လည်ကိုဆန့်၍ လိုက်ကြည့်လျှင် စက်ဝိုင်းပြတ်ပုံ လွင့်စင်သွားသော ပီဇာဘူးကိုမြင်လိုက်ရသည်။

"မင်း..."

"ဘုန်း..."

Su Yi Mo စကားပြောဖို့လုပ်သည့်တစ်ချိန်တည်းမှာပင် ပြုတ်ကျသွားသည့်ပီဇာဘူးက အသံကျယ်ကြီးဖြင့်ပေါက်ကွဲသွားသည်။ ပီဇာအပိုင်းအစများမှာ အရပ်လေးမျက်နှာသို့ စင်ထွက်ကုန်၍ လေထုထဲတွင် ယမ်းနံ့အူလှိုင်သွားလေသည်။

Su Yi Mo သည် Ran Feng Ge ကို အံ့သြတကြီး ကြည့်မိသည်။ Ran Feng Ge ကမူ မူလအနေအထားအတိုင်း ရှိနေဆဲဖြစ်ပြီး ပေါက်ကွဲသံကို ကြားရမှ အန္တရာယ်ကင်းပြီဟု ဆုံးဖြတ်လိုက်ကာ ပိတ်ဆုံးတွင် သူ၏ လက်ကို ချလိုက်ပါတော့သည်။ သူက ဖြည်းဖြည်းချင်းလှည့်လာပြီး Su Yi Mo ကို စူးစူးစိုက်စိုက်ကြည့်၏။

လူစားထိုး Where stories live. Discover now