Ch 55,56

656 91 14
                                    

Unicode

Vol 2 Ch 8 Force over words

_______________________

ရန်ဖုန်ကော အခန်းထဲမှထွက်လာချိန်  ရှေးမဆွက သူလှည့်စားခဲ့သော ဆုယီမော့၏နောက်လိုက်များမှာ မည်သည်ကိုမျှ မပြောနိုင်သေးခင် သူ့ကို လာဝိုင်းကြ၏။ အားလုံးတွင် အတွေးတစ်ခုတည်းသာရှိသည်။ သူတို့ သူ့အား သင်ခန်းစာတစ်ခုပေးချင်၏။

ရန်ဖုန်ကောက မျက်ဖြူလှန်လိုက်ကာ ထိုသူတို့ထံဝတ်ကျေတန်းကျေ ပြုံးပြလိုက်သည်။ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး "တိုးတိုး"ဟူသော အမူအရာပြလိုက်သေး၏။

ထိုလက်ညှိုးက သူတို့ထံထိုးလာ၍ တဖြည်းဖြည်း ပြန်ရုတ်သွားပြီး သူတို့အလိုရှိပါက သူ့အား တိုက်ခိုက်ရန်ခွင့်ပြုကြောင်း အရိပ်အယောင်ပြနေသည်ကို မြင်ရသောအခါ လူအနည်းငယ်မှာ ကြက်သေသေ သွားကြသည်။

သူ၏ ထိကပါးရိကပါး ရန်စမှုကြောင့် ရန်ဖုန်ကော၏ ညှိုးဘက်အားလုံးတို့သည် သူ့ထံပြေးဝင်လာကြကုန်သည်။

ဆုယီမော့၏နောက်လိုက်များကို ရန်ဖုန်ကောတစ်ယောက် ဗျာပါမများဘဲ စာရင်းရှင်းထုတ်လိုက်သည်။ ချွေးပင်မထွက်လိုက်.....
ဆုယီမော့၏ ငယ်သားအားလုံး နံရံဘေး၌အပုံလိုက်ထပ်ကျန်ခဲ့ခြင်းသာ ပြောစရာကျန်သည်။

လူချမ်းသာသခင်ကြီးတစ်ယောက်ပမာ ပြုမူရင်း ရန်ဖုန်ကော၏ခြေထောက်တစ်ဖက်မှာ နောက်ဆုံးကျန်သည့် အကောင်ကြီးကြီးလူ၏ပုခုံးပေါ်တွင် အနားယူနေသည်။ သူ၏ အင်္ကျီလက်အနားများကိုလည်း အလွန်အကြူး ဒရာမာဆန်ဆန် ခါထုတ်လိုက်သေးသည်။ ခြေထောက်အတင်ခံထားရသည့် လူမှာ နောက်ပြန်လှဲချရန်ဆုံးဖြတ်လိုက်ပြီးနောက် သူ၏နောက်စေ့မှာ ကြမ်းပြင်နှင့် ဒုတ်ခနဲမိတ်ဆတ်သွား၍ အကျိုးဆက်အနေဖြင့် သူ့ကိုယ်သူ အပြတ်ခိုက်အောင်လုပ်မိသွားသည်။

တစ်ချက်သမ်းလိုက်ရင်း ရန်ဖုန်ကော ခြေထောက်ကို ရုတ်၊ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းပိုက်ကာ နံရံကိုပျင်းပျင်းရိရိ မှီလိုက်၏။ ထို့နောက် သိုးတစ်ကောင် သိုးနှစ်ကောင် ရေတွက်နေလိုက်သည်။
ကြာလိုက်တာ.......

လူစားထိုး Where stories live. Discover now