Ch 4

1.9K 267 2
                                    

Ch4
Love in front of a killer

Unicode

ညသန်းခေါင်ယံ..

ဆေးကုသခန်း၏တံခါးက ဖြည်းငြင်းစွာပွင့်လာသည်။

Ran Feng Geက သူ၏မျက်ဝန်းတို့ကို မျှော်လင့်ချက်ကြီးစွာဖွင့်လိုက်သည်။

'နောက်ဆုံးမှာ ...သူ ဆာလောင်မှုကြောင့် သေရတော့မတတ်ဖြစ်ခဲ့သည်ပဲ'

အခန်းတွင်းဝင်လာသူက မီးကိုဖွင့်ရမည့်အစား အခန်းတံခါးကိုပြန်၍ပိတ်နေသည်။ ထိုသူ၏ညာလက်က ဘောင်းဘီရှည်ထဲမှ တစ်စုံတစ်ခုကိုလှမ်း၍ထုတ်ယူလိုက်သည်။ ပြီးလျှင် ကုတင်ထက်က လူနာထံ ဖွဖွလျှောက်လာ၏။

အမျိုးမျိုးသော ဆေးကုသပစ္စည်းများကြောင့် ပေါ်ထွက်နေသော မှိန်ပျပျအလင်းရောင်၏ အကူအညီတွင် ထိုလူ၏လက်ထဲမှ အေးစက်စွာအလင်းပြန် လျက်ရှိသောကိရိယာမှာ ဓားမြှောင်တစ်ခုဖြစ်ကြောင်း Ran Feng Ge အတတ်ပြောနိုင်သည်။

မျှော်နေသူက Si Yi Mo
ရောက်လာသူက လူသတ်သမား...

Ran Feng Ge က အသက်ကိုရှိုက်ကာ အာရုံကိုစုစည်းလိုက်ပြီး ထိုလူ ပိုနီးလာအောင် ငြိမ်ပြီးစောင့်နေခဲ့သည်။ လူသတ်သမားက လက်ကိုမြှောက်လိုက်ပြီး ဓား​မြှောင် ဖြင့်စိုက်ချ လိုက်သည်။ သို့သော် သူမျှော်လင့်သည့်အတိုင်း အသားနှင့်အရိုးတို့ကို ဇွိခနဲ စိုက်ဝင်သွားသည့် ခံစားချက်ကိုမရ အားပျော့၍ လျော့လျဲသောအတားအဆီးတစ်ခုကိုသာကြုံလိုက်ရသည်။

'သေစမ်း!'
ဘာဖြစ်သွားသည်ကို
လူသတ်သမားက သဘောပေါက်လိုက်ပြီး ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်သည်။ အငိုက်မိလေပြီ။ သူ့တုန့်ပြန်မှုက လိုက်မမီတော့။ ဆိုင်းဗုံမဆင့် Ran Feng Geက ထိုလူ၏နံရိုးများဆီ ဖြတ်ကန်ထည့်လိုက်သည်။ ပြီးလျှင်ပြီးချင်း အရိုးများကျိုးသံနှင့် နာနာကျင်ကျင်ညည်းငြူသံက ကပ်လျက်ထွက်လာ၏။

ရေလွှာထက်သို့ ငါးကြင်းတစ်ကောင်ခုန်ထွက်လာသည့်နှယ် Ran Feng Geသည် အိပ်ယာထဲမှခုန်ထွက်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်တပ်ဆင်ထားသော ပြွန်အမျိုးမျိုးသည်လည်း အားနှင့်ဖယ်ရှားခြင်းကိုခံလိုက်ရ၏။ သူက အောက်စီဂျင်မျက်နှာစွပ်ကို ခွာလိုက်ပြီး ခေါင်းအုံးတွင်စိုက်နေသောဓားမြှောင်ကို ဆွဲထုတ်သည်။ ခေါင်းအုံးပေါက်ကတော့ ဓားဖြင့်ခတ်၍ဘေးသို့ရောက်သွားသည်။

လူစားထိုး Where stories live. Discover now