Ch 35

699 143 10
                                    

Unicode

Chapter 35
Incorrect Guest?
________________________

An Mu ၏စကားသံထွက်လာလျှင်ထွက်လာချင်း Ran Feng Ge လုပ်မိသည့် ပထမဆုံးအပြုအမူမှာ Lan Kuang ကိုကြည့်ခြင်းပင်။

Lan Kuang ကလည်း သူ့ကိုတပြန် ကြည့်နေခဲ့သည်။ Ran Feng Ge ကြည့်လာသည်ကို မြင်လျှင် Lan Kuang က သူကြိုမသိဆိုသောအမူအရာ- လက်နှစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကားပြလာသည်။ သို့သော်လည်း နှုတ်ခမ်းစွန်းများ၏ တစ်မျိုးဖြစ်သွားပုံက Lan Kuang တွင် သူနှင့်An Mu ကြားက ပတ်သတ်မှုအပေါ်ခန့် မှန်းချက်တချို့ရှိထားပြီး An Mu ၏ပေါ်ပေါက်လာမှုကြောင့် ထိုခန့်မှန်းချက်များကို အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း Ran Feng Ge ကိုညွှန်ပြနေသည်။

သူ့ကို နှုတ်ဆက်ရမည့်အစား Ran Feng Ge အခြားတစ်နေရာရာကို လှည့်ကြည့်နေသဖြင့် An Mu လည်း အလားတူလှမ်းကြည့်လိုက်ရာ ထိုနေရာတွင် မတ်တပ်ရပ်လျက် သူတို့ကို အကဲဖြတ်နေသည့်အမျိုးသားကို တွေ့လိုက်ရသည်။

ရေချိုးခန်းဝတ်စုံနှင့် ဆံဖျားမှ ရေတစ်စက်စက်ကျနေသည့် အမျိုးသားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး An Mu ၏တပည့်ကျော်များ တင်းကြပ်သွားကြသည်။

ထိတ်လန့်သည့်အမူအရာတစ်ခု An Mu မျက်နှာတွင် ပေါ်လာသည်။ သူ၏ နွေးနွေးထွေးထွေးအပြုံးမျက်နှာတွင် အံ့အားသင့်မှင်တက်သောမျက်နှာထားက ချက်ချင်းအစားထိုးသွားသည်။ Lan Kuang ကိုတွေ့ရှိပြီးနောက် သူ၏ကိုယ်နေဟန်ထားသည် ကားရှေ့မီးဖြင့် အထိုးခံလိုက်ရသည့် သမင်ပျိုပမာ ဖြစ်ပျက်သွားရှာ၏။

Ran Feng Ge ကမူ မျက်တောင်တစ်ချက်မခတ်ပဲ ရိုးရိုးရှင်းရှင်း တစ်ဖက်သို့ လှည့်ကာ အဝတ်အသွေ့ခံစက်ကို ပိတ်လိုက်သည်။

Lan Kuang ၏အပြုံးက မပျော့ပျောင်းတော့ဘဲ အမူအရာသည်လည်း တင်းမာလာသည်။အခြားသူနှစ်ဦး၏ အပြုအမူများမှတဆင့်ဆုံးဖြတ်ရလျှင် သူ၏ ကနဦးခန့်မှန်းချက်များမှာ မှားယွင်းနေခြင်းဖြစ်​ကောင်းဖြစ်မည်။

"Feng Ge ငါ့မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တချို့ ရှိနေသေးတယ်။
အဲဒါကြောင့် နောက်တစ်ခါမှပဲ ဘာဘာညာညာစားဖို့ ဖိတ်တော့မယ်​နော်။ သွားနှင့်ပြီ"
An Mu က အလောတကြီးပြော၍ ကျောခိုင်းထွက်သွားလေသည်။

လူစားထိုး Where stories live. Discover now