Ch 15

1.2K 201 21
                                    

Unicode

Ran Feng Ge၏ ကြွက်သားများ တင်းခနဲဖြစ်သွားသည်ကို ခံစားမိလျှင် Su Yi Mo က ရပ်ပြီးမေးသည်။

"ဘာဖြစ်လို့လဲ .?"

"ဘာမှ မဟုတ်ပါဘူး ဆက်ဆွဲပါ"

Ran Feng Ge က ဖြေလျှော့လိုက် သော်လည်း သူ၏ အမူအရာမှာ ထက်မြိ
၍ကျန်ခဲ့သည်။

'ဖြစ်နိုင်တာက.....အဲဒီJing Qiu Han
ထိုလူနဲ့ ပတ်သတ်နေတာများလား?'

ယုတ္တိကျကျတွေးကြည့်ပါမူ Su Yi Mo၏ အဆင့်အတန်းနှင့် သူ့အမြင် အရဆိုလျှင် ထိုတက်တူးက မည်သည်ကို ကိုယ်စားပြုသည်အား လယ်ပြင်တွင်ဆင်သွားသလို ရှင်းရှင်းကြီးရှိလိမ့်မည်။
သို့ဖြစ်ရာ......သူသည် စကတည်းက တမင်လျစ်လျှူရှုထားခြင်းလော...?။
သူက Jing Qiu Han ကို မြတ်မြတ်နိုးနိုးချစ်ခင်ပါသဖြင့် နောက်ပိုင်းကိစ္စအလုံးစုံကို လျှော်ပစ်ခဲ့သည်လော...
?။


"ခင်ဗျားနဲ့ Jing Qiu Han ..ဘယ်လိုဆုံခဲ့ကြတာလဲ?" ဟု

Ran Feng Ge က မတော်တဆ လွှတ်ခနဲပြောမိဟန်ဖြင့်
မေးသည်။ သို့သော် သူ၏နားကိုမူ စွင့်လို့ထား၏။



"ဘာလို့မေးတာလဲ.... မင်းက စပ်စုတတ်လား?"

Su Yi Mo၏ ခဲတံက အသာရပ်သွားသည်။
သို့
သော်လည်း မကြာလိုက် သူက တက်တူးကို ဆက်၍ အရောင်ခြယ်၏။


"ဒါက လူစားထိုးတစ်ယောက် သိသင့်တာမျိုးပဲလေ....တစ်နေ့မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ ဘယ်လိုဆုံခဲ့ကြလဲ မေးလာရင် ကျွန်တော်ဘယ်ဖြေတတ်မှာလဲ....ဟုတ်တယ်မလား?"

Ran Feng Ge အမြန်ဆင်ခြေပေးသည်။

Su Yi Mo အသာနှာမှုတ်၏။

"မင်း ပါးစပ်ပိတ်နေရုံပဲပေါ့"

"ကောင်းပါပြီ....အဲဒါခင်ဗျားပုံစံအစစ်ပဲ"

လူစားထိုးတစ်ယောက်အနေနှင့် မူလပိုင်ရှင်၏ သိမထားသည့်အကြောင်းအရာများနှင့် ပတ်သတ်
ပြီး
မည်သို့ဖြေရှင်းရမည်ကို Ran Feng Ge နောကျေပါသည်။ မေးသည်တို့ကို ထမင်းရေပူလျှာလွှဲ လုပ်ပစ်ဖို့သာ လိုအပ်သည်။

"ဒါကပုဂ္ဂိုလ်ရေးကိစ္စပဲ...ခင်ဗျားတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူးလေ"
"ကျွန်တော် စိတ်မကောင်းပါဘူး...ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကို တစ်ပါးသူတွေ သိပ်ပြီး ဝင်မပါစေချင်ဘူး"
"ခင်ဗျားတို့ ကျွန်တော့်ကို တကယ်သဘောကျပြီး ကျွန်တော့်အကြောင်းတွေပိုသိချင်ရင်...ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ သီးသန့် အင်တာဗျူးတွေကို နားထောင်ကြည့်ပါ"
စသည်ဖြင့်။


လူစားထိုး Where stories live. Discover now