Cha-27

8.2K 1.5K 138
                                    

[Unicode]

အကယ်၍များ ယွီချင့်ဟွမ်သာ​ ခေါင်းကြည်ကြည် လင်လင်ရှိ​နေခဲ့မယ်ဆို ​ဟော်ချွီနှင့် ပတ်သက်လို့တစုံတရာမူမမှန်​နေတာကို ​ကျိန်း​သေရိပ်မိခဲ့မှာပင်။

နှ​မြောစရာ​ကောင်းသည်က သူ့ဦး​နှောက်မှာအရက်​ကြောင့် ​ကောင်း​ကောင်းအလုပ်မလုပ်​​တော့ပြီဖြစ်လို့ တခြားဘယ်အရာကိုမှမ​တွေး​တောနိုင်​ပေ။

​ဟော်ချွီ၏စကားသံအားကြားလိုက်ရသော် ယွီချင့်ဟွမ်မှာ ​ဟော်ချွီသည်ရေ​နွေး​လေး​တောင်​ဖြောင့်​​ဖြောင့်မတည်နိုင်တဲ့အတွက်​ရှက်ရွံ့သိမ်ငယ်သွားပြီး ချင့်ဟွမ်မှသူ့အားမကြည့်​​နေစေချင်တာလို့မှတ်ယူလိုက်၏။

"ကိစ္စမရှိပါဘူး ဟော်ချွီ"

ယွီချင့်ဟွမ်သည် ဟော်ချွီအားသူ့မျက်လုံးများကို ဆက်လက်အုပ်ကွယ်ခွင့်,ပြုထားလိုက်သည်။

"ဒီလိုကိစ္စအ​သေးအမွှားလေးအတွက်ဘာမှရှက်​နေစရာမလိုဘူး...မင်းကျွမ်းကျင်တဲ့အရာကဒီနယ်ပယ်ကမ​ဟုတ်လို့ပါ..."

သူနားမလည်မှာစိုးရိမ်သည့်အတွက်ကြောင့် ယွီချင့်ဟွမ်မှ ထပ်ပေါင်း​ပြောဆိုလိုက်သည်မှာ

"ဥပမာ​ပြောရရင်မင်းရူပ​ဗေဒဆိုင်ရာဘက်မှာထူးချွန်သလို အဲ့ဘက်မှာငါသိတာဘာတခုမှမရှိဘူးလေ.. အဲ့လိုပဲ ငါတက်တဲ့ဟင်းချက်တာ ရေ​နွေးတည်တာတွေကိုမင်းမလုပ်တက်ဘူး.. ဒါကတကယ့်သမရိုးကျဖြစ်စဥ်​လေးပါပဲ"

​ဟော်ချွီဆိုတာသူ့အတွက်​တော့ဘုရားပေးသည့်အ​ကောင်းဆုံး​ဆုလာဘ်လေးတခုဖြစ်သည်။ ထိုအတွက်​ကြောင့် သူ့အားကာကွယ်​စောက်​​ရှောက်​သွားရန် သူ​အစွမ်းကုန်ကြိုးစားအားထုတ်မှာဖြစ်ပြီး သူ၏နူးညံ့ပြီးတမူထူးခြားတဲ့နှလုံးသား​လေးအား ဒီကမ္ဘာလောကကြီး​ကြောင့်ထိခိုက်အနာတရဖြစ်မှာကို ဘယ်​သောအခါမှခွင့်ပြုလိမ့်မည်မဟုတ်ပေ။

အဲ့လိုမဟုတ်ဘူး!​ ဟော်ချွီမှာဘယ်လိုရှင်းပြရမယ်
မသိဖြစ်နေတာ​ကြောင့် မသိလိုက်မသိဘာသာ​ခေါင်း​တွေသာခါ​နေခဲ့သည်။

ချင့်ဟွမ်နဲ့မသက်ဆိုင်​သောအရာ​တွေမှန်သမျှကိုသူဘယ်တုန်းကမှ အ​လေးမထားခဲ့​ပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now