Arc-1.13 unicode

4.1K 371 12
                                    


သူဝန်ခံပါသည် ရိလေးနဲ့မတွေ့ခင်က မိန်းကလေးတွေနဲ့ ရှုပ်ခဲ့တယ် ၊ အရင်တုန်းကသူဆိုးခဲ့တာတွေ နောင်တမရပဲပျော်ပျော်ကြီး လုပ်ခဲ့ပေမယ့် ရိလေးနဲ့တွေ့ပြီးနောက်ပိုင်းသူတကယ်ကိုနောင်တရနေမိသည်။ သူရိလေးကိုစတွေ့တာက လေယာဥ်ကွင်းမှာပင်၊ အဖြူရောင် လက်ပြတ်လေးနဲ့ ဘောင်းဘီရှည်ပွယောင်းယောင်းလေးကိုဝတ်ဆင်ထားသည်။ မျက်မှန်ဝိုင်းလေးသည် ရိလေးရဲ့အလှကိုမပျက်သွားစေ။ မျက်မှန်အောက်က မျက်လုံးလဲ့လဲ့လေးတွေကလည်း တကယ်ကိုပင်ဆွဲဆောင်နိုင်လွန်းသည်။ ထိုနေ့က ရိလေးက သူကိုမမြင်ပဲဝင်တိုက်မိခြင်းပင်။ ဝင်တိုက်မိတဲ့လူကိုမတောင်းပန်ဘဲ သူ့ပစ္စည်းသူယူပြီး ခပ်တည်တည်ပင် ရှင်းရန်ရှေ့ကနေဖြတ်သွားသော ရိလေးမှာ တကယ်ကိုအချေကိုယ်တော်လေးပင်။ ထိုနေ့ကစပြီးသူရိလေးကိုစွဲလမ်းခဲ့သည်။ သူဘယ်မိန်းကလေးနဲ့မှလည်းမပျော်ပါးတော့သလို ရိလေးအကြောင်းကိုလည်းစုံစမ်းခဲ့သည်။ ရိလေးအကြောင်းကိုစုံစမ်းရင်းနှင့်ပင် ရိလေးဦးလေးဖြစ်သူအကြောင်းကိုလည်းသိရှိခဲ့ရသည်။ သူသိတာက ရိလေးကိုဒုက္ခပေးသူမှန်သမျှအရှင်မထားဘူးဆိုတာပင်။ ဒါပေမယ့် ထိုလူမှာရိလေး၏ ဦးလေးဖြစ်နေတာကြောင့် ငဲ့ညှာသောအားဖြင့် ထိုလူ့အပြစ်တွေကိုဖော်ထုတ်ပြီးရဲလက်ကိုအပ်ခဲ့သည်။ရှင်းရန်မှာ ခုလိုအောင်မြင်မှုတွေရရန် ဘယ်သူမှ မထင်ထားတဲ့ပေးဆပ်မှုတွေပေးဆပ်ခဲ့ရသည်ပင်။ ဥပမာ- သူအမေကိုဆုံးရှုံးခဲ့တာမျိုး၊ ဒါမှမဟုတ် လူသတ်ရတာမျိုးလား၊  တကယ်တော့ သူထိုအရာတွေကို နေသားကျနေပြီပင်။ လူစသတ်ရတုန်းကကြောက်ခဲ့ပေမယ့် နောက်ပိုင်းလက်ယာဥ်သွားသည်။သေချာတာပေါ့ အောင်မြင်နေတဲ့ လုပ်ငန်းအများစုဟာ မြေအောက်နဲ့ကင်းရှင်းတယ်ဆိုတာမရှိသလောက်ပင်။ သူအမှောင်ကိုလည်းမကြောက်တော့၊ အထီးကျန်မှာကိုလည်းမကြောက်တော့၊ ကုန်ကုန်ပြောရရင် ချစ်တာဟာဘာဆိုတာပင်မသိတော့။ သူ့ဘဝကိုလည်းဖြစ်သလိုနေတယ် ၊ မိန်းကလေးတွေနဲ့လည်းပျော်ပါးလာတယ်။ ခုချိန် စီးပွားရေးလောကရဲ့ဘုရင်ဟာ တစ်ချိန်က ဖြူစင်ပြီးကြင်နာတတ်တဲ့သူဆိုတာ ဘယ်သူကများယုံကြတော့မလည်း။ ဒါပေမယ့် ထူးဆန်းတာက ထိုလူသားကိုမြင်မြင်ချင်းချစ်သွားခဲ့တာပင်။ ပထမကတော့ ထိုလူနဲ့တစ်ညလောက်ပျော်ပါးပြီးရင် ထိုလူကို မဆွဲလန်းတော့ဘူးလို့ထင်ထားခဲ့တယ်။ ဒါပေမယ့်ကြာလေ အရူးရင့်လေဖြစ်လာခဲ့ရသည်။ ဒါကြောင့် ရှင်းရန်  ရိလေးကိုအပိုင်ရရန် စတင်စီမံတော့သည်။ ပထမဆုံး ရိလေးတို့ group နဲ့ပူးပေါင်းတယ်။ ပြီးတော့ရိလေးရဲ့ အာရုံစိုက်မူရအောင် ရိလေးကိုစိတ်တိုအောင်၊ ရှက်အောင်စတာတို့ပင်ပြုလုပ်သည်။ တကယ်အစီစဥ်ကြီးက ဒီနေ့ပင် သူရိလေးကို စိတ်ကြွဆေးခတ်ပြီး သူနဲ့အတူအိပ်နိုင်ရန်ကြံစည်တော့မည်။ဒါမှ ရိလေးကိုအပိုင်သိမ်းနိုင်မည်လေ။

system one o six(106) S -1 ( Z &U )Where stories live. Discover now