Arc-5.5 Unicode

1.4K 158 20
                                    

[ host ကိုမဟုတ်ပါဘူး...ထိုက်ရှင်းဟန်ကိုပါ]

host-^^ ထိုက်ရှင်းဟန်က...ငါပဲမဟုတ်ဘူးလား.... ^^

ကျန်ချန်ဟောက်-" အင်း...ပိန်ညှောင်ကိုနှိပ်ဆက်ရတာမိုက်တယ် "

ချန်ဟောက် သူ့လူတွေချထားတဲ့ခုံမှာ ထိုင်ရင်းပြောလိုက်သည်။

host-" ဘာ!!!...ခင်ဗျားစောက်ခွက်ကို...ကျွန်တော်တက်ရိုက်မှ....စောက်ဆိုးလာမဆိုနဲ့ "

ရှင်းဟန် သိသည်က ချန်ဟောက်ကိုဆို ဒီကျောင်းကကျောင်းသူ ကျောင်းသားတွေပါမက ကျောင်းအုပ်ကပါ ဘာမှမပြောရဲ၍ လွှတ်ထားရတယ် ။ ချန်ဟောက်ရဲ့ နောက်ခံအသိုင်းအဝိုင်းက ဘာမှန်းလည်း မသိကျပေမယ့် ဒါပေမယ့် ကျန်ချန်ဟောက်ဆိုတဲ့အသံကြားရင်ကို ကြောက်နေရတာမျိုးပင်။ ကျန်ချန်ဟောက်ဆိုတဲ့ နာမည်က ပင်ကိုသြဇာခညောင်းတာလားတော့မသိ ထိုနာမည်ကြားရင် ကျောင်းလူမိုက်တွေတောင်ကြောက်ရသည့်အဖြစ်ပင် ။ ဒါပြင် ကျန်ချန်ဟောက်ဆိုတဲ့နာမည်နဲ့ fan club များစွာရှိသည်။ ထိုလူက မထင်ရင်မထင်သလို ဆိုးတတ်ပြီး သူသဘောမကျတဲ့သူဆို ဆရာတွေရှေ့မှာပါမကျန်ဆဲနေတတ်တဲ့သူပင်။ ဘယ်သူ့ကိုမှလည်း လူမထင်သည့်သူပင် ။ ဒီလို bad boy လေးတွေကိုမှ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ကောင်မလေးများကလည်း ကျန်ချန်ဟောက်ကို ကြောက်ကျပေမယ့် ပိုပြီးကြိုက်တာကများသည်။ ဒါကြောင့် ချန်ဟောက်က ကောင်မလေးတွေရဲ့အသဲစွဲလည်းဖြစ်ပြန်သည်။ ချန်ဟောက်ခုလောလောဆည်မှာ နှစ်သက်နေသည်က သူ့( ရှင်းဟန် ) ကို နှိပ်စက်ရတာပင်။ ဝါသနာကတော့ အတန်းလစ်ရတာဖြစ်မည်ထင်သည် ။

ကျန်ချန်ဟောက်-" သူ့ကိုဒီနားခေါ်လာခဲ့ "

^^ ငါ့ကိုပြန်ပြောရဲနေပြီပေါ့....ဒါပေမယ့်...ပိုစိတ်ဝင်စားဖို့ကောင်းသွားပြီ ...ဟက်...^^

host-" လွှတ်ပေး....ခင်ဗျားဘာလုပ်ချင်တာလဲပြော...ခင်ဗျားစောက် $&#*@=@^$&#&$&#&#=* "

ကျန်ချန်ဟောက်-" ကျစ်......မင်းတော်တော်ဆူတာပဲ... "

ချန်ဟောက် လက်ညှိုးကို နားထဲထိုးလိုက်ရင်းပြောလိုက်သည်။ နောက်ပြီး ရှင်းဟန် အနားကိုတိုးလာလိုက်ရင်း။

system one o six(106) S -1 ( Z &U )Where stories live. Discover now