Arc-3.3 Unicode

2.6K 244 22
                                    


ကျန်ဟောက် ချမ်းစိမ့်စိမ့်ဖြစ်နေသဖြင့် လှဲနေရာကနေထဖို့ပြင်လိုက်သည်။ အေးစိမ့်စိမ့်ဖြစ်လည်းဖြစ်ချင်စရာပင် ။ကျန်ဟောက်က လူတစ်ရပ်စာ အိပ်လို့ရနိုင်လောက်သည့် ရေခဲကုတင်ကြီးပေါ်ရောက်နေခြင်းဖြစ်သည်။ ကျန်ဟောက် ချမ်းစိမ့်မှုကြောင့် ထိုရေခဲကုတင်ပေါ်က ဆင်းလိုက်ပေမယ့် သူ့ခြေထောက်တွေဟာ ထုံထိုင်းမှုကြောင့် ပြို လဲသွားရသည်။ကျန်ဟောက် လဲနေရာမှ မထ​သေးဘဲ ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်တော့ပတ်ဝန်းကျင်တစ်ခုလုံးက ရေခဲတွေဖြစ်နေပြိီး ရေခဲလှိုင်ဂူပုံစံမျိုးလို့ပြောလို့ရပေမယ့် ထိုရေခဲတွေကသေချာအချောကိုင်ထားသလိုမျိုးဖြစ်နေသဖြင့် ရေခဲနန်းတော်နဲ့ ပိုတူလေသည်။ မျက်နှာကျက် ၊ မီးအိမ်များ ၊ စားပွဲခုံများ ၊ တံခါးပေါက်တွေကအစ ရေခဲနဲ့ပြုလုပ်ထားလေသည်။

Host-" six.... ငါဘယ်ရောက်နေတာလဲ....မဟုတ်မှ...ရေခဲတိုက်ထဲရောက်နေတာများလား "

[ မဟုတ်ပါဘူး....hostရဲ့....ဒေါင်းစားကြီးက....လျှောက်လျှောက်တွေးတာပဲ.....hostအခုရောက်နေတာက....သွဲ့ယန်ကျင်းရဲ့နန်းဆောင်မှာပါ ]

Host-" နန်းဆောင်....မသိပါဘူး...ငါကရေခဲတိုက်မှတ်နေတာ "

ကျန်ဟောက် six ပြောမှသေချာစဥ်းစားမိလေသည်။ သူ( ကျန်ဟောက် )က အအေးကိုကြောက်သဖြင့် ဒီရေခဲနန်းဆောင်ထဲမှာ ခုလိုအချိန်အကြာကြီး နေနိုင်မှာမဟုတ်ဘဲ ဒါပေမယ့် သူကsix နဲ့တောင်စကားအပြန်အလှန်ပြောနိုင်နေသည်မလား။ ကျန်ဟောက်စဥ်းစားမိသည်က ဒီကိုယ်ပိုင်ရှင် သွဲ့ယန်ကျင်းက နဂါးဖြစ်ပြီး ရေစွမ်းအင်ပါရှိနေသဖြင့် ဒီကိုယ်က အဲ့လောက်အေးစက်တယ်လို့မခံစားရတာပင်။ ယခင်သွဲ့ယန်ကျန်းဆိုရင် ပိုပြီးအေးစက်တဲ့နေရာတွေမှာနေရတာကြိုက်သည်မလား။

Host-" ကောင်းပြီ...မှန်ပေး... "

ကျန်ဟောက် ထုံထိုင်းနေတဲ့ သူ့ထောက်ကြောင့် sixရဲ့အကူအညီယူလိုက်သည်။

[ sixမှမသယ်နိုင်တာ....အဲ့တော့ကိုယ့်ဘာသာ.....ထယူပါလား ]

Host-" ကောင်းပါပြီ....သောက်ပျင်းကြီးလေးရယ် "

ကျန်ဟောက်မှာ သူ့ရဲ့ထုံထိုင်းနေတဲ့ခြေထောက်ကိုသာအလုပ်ပေးရလေသည်။

system one o six(106) S -1 ( Z &U )Where stories live. Discover now