Arc-5.13 Unicode

1.3K 151 9
                                    


အန်းထိုက်ဖုန်း-" ဒါဘာတွေလဲ!!!!. ...ဘာသဘောလဲချင်ဖန်ရှိ!!!!. ......မင်းကဘာလို့နွဲ့ဝမ်ရှီးကို.......နမ်းနေရတာလဲ......အဲ့ကြာကူလီကောင်ကိုလေ....... "

^^ ကြာကူလီကောင်....သေချာပေါက်ကိုကိုကို......မြူစွယ်တာပဲနေမှာ....... အရှက်မရှိလိုက်တာ........အန်းထိုက်ဖုန်းကို......ဒီလိုစနိုက်ကျော်လို့မရဘူး.......တောက်........ ^^

ထိုက်ဖုန်း ဖန်ရှိရဲ့ မျက်လုံးကို စေ့စေ့စိုက်ကြည့်ပြီး အော်လိုက်သည်။ ထိုက်ဖုန်းတော်တော် ဒေါသထွက်နေတာဖြစ်သည်။ ဒါကြောင့် သူ့ရဲ့အပြုအမူတွေကို ဂရုမစိုက်နိုင်ဖြစ်သွားသည်။

ချင်ဖန်ရှိ-" မဟုတ်ဘူး.......ကိုယ်ရှင်းပြမယ်.....ဒါက "

ဖန်ရှိ ထိုက်ဖုန်းရဲ့ တစ်ခါမှမမြင်ဖူးတဲ့ပုံစံကြောင့် ရှိန်သွားရသည်။ ဖန်ရှိ ထင်ထားတာက ဖုန်းအာက အမြဲ နူးညံပြီး သိမ်မွေ့တဲ့သူ ပြီးတော့ သူ့ကိုနားလည်ပေးနိုင်ဆုံးလူသားလို့ပင်။ ဒါပေမယ့် သူထင်ထားတာက မှားနေခဲ့တာပဲ ဖုန်းအာကပြည့်စုံနေတဲ့လူသားတစ်ယောက်မှမဟုတ်တာ ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြီးပြည့်စုံတယ်ဆိုတာမျိုး မရှိပါဘူး။ ထိုနည်းတူ ဖုန်းအာကလည်း သူ့အပေါ် ရာခိုင်နှုန်းပြည့်နားလည်မပေးနိုင်ဘူး။ ဖုန်းအာ နားလည်မပေးနိုင်တာကို ဖန်ရှိ အပစ်မတင်ပါ သူကိုယ်တိုင်လည်း ရှီးနဲ့ ပတ်သတ်လာရင် သူ့ကိုယ်သူနားမလည်ပေ။

နွဲ့ဝမ်ရှီး-" ငါ့တောင်းပန်ပါတယ်...ဖုန်းအာ.... "

ဝမ်ရှီးမျက်ရည်များကိုသုတ်ကာ ရှိနဲ့ဖုန်းအာအား ကျောခိုင်းခဲ့လိုက်သည်။

အန်းထိုက်ဖုန်း-" ကိုကိုက....အရင်စနမ်းတာလား..... "

ချင်ဖန်ရှိ-" ဟင်......ကိုယ်.....ကိုယ် "

အန်းထိုက်ဖုန်း-" ဘာလို့မဖြေနိုင်တာလဲ......ကိုကိုကအရင်စနမ်းတာလားလို့.....မေးနေတာလေ!!!....."

ချင်ဖန်ရှိ-" ကိုယ်.....ဟုတ်တယ်.....ကိုယ်ရှီးကိုနမ်းလိုက်တယ်......ဒါပေမယ့်....ကိုယ်သူ့ကိုမုန်းလွန်းလို့....လုပ်မိတာပါ.....ကိုယ့်ပြောတာကိုယုံပါ "

ဖန်ရှိ ဖုန်းအာရဲ့ လက်ကိုဆွဲကိုင်ရင်းပြောလိုက်သည်။

အန်းထိုက်ဖုန်း-" မုန်းလို့.....မုန်းလို့နမ်းတာဆိုတာရှိလို့လား.....ကိုရဲ့.....ဟန်......ရှီးဟုတ်လား....ခုချိန်ထိသူ့ကို....ရှီးလို့ခေါ်နေတုန်းလား.......အဲ့သောက်ကောင်က.....ဖုန်းအာထက်ဘာတွေများကောင်းနေလို့လဲ........အဲ့ကြာကူလီကောင်ကို.....ဖုန်းအာသွားသတ်မယ် "

system one o six(106) S -1 ( Z &U )Where stories live. Discover now