Arc-2.8 Unicode

3.3K 291 7
                                    


လန်ရှီးအာ - " အကိုရှန့်..... ဒီနေ့ည.....ရှီးအာရဲ့မွေးနေ့မို့.....လာခဲ့ပါလားဟင်....ရှီးအာဒီအိတ်ထဲမှာ.... အိမ်လိပ်စာရော...အချိန်ပါရေးထားတယ် "

ထိုက်ယန်ရှန့် - " ကောင်းပြီ..... လာခဲ့မယ်....ဒါပေမယ့်.... .ကျွန်တော်ကို....ရှန့်လို့မခေါ်ပါနဲ့....အဲ့နာမ်စားက...သွဲ့တစ်ယောက်တည်းခေါ်ခွင့်ရှိတယ်..."

ယန်ရှန့် လန်ရှီးအာ လက်ထဲက အိတ်ကိုယူလိုက်ပြီးပြောလိုက်သည်။ သူ မကြိုက်ပါ ၊ ထိုစာလုံးက သူ့ရဲ့ သွဲ့သွဲ့အတွက်ပင်။

လန်ရှီးအာ - " ဟုတ်.....ရှီးအာ....အကိုရှန့်ကို...ယန်ရှန့်လို့ပဲခေါ်ပါ့မယ် "

^^ သူက ဘာတွေများကောင်းနေလို့...သူ့လိုအခြောက်ကိုယန်ရှန့်က...ဦးစားပေးနေရတာလဲ ^^

ရှီးအာ မနာလိုစိတ်ကို လျော့ချလိုက်ပြီး ယန်ရှန့်ကိုရှက်ပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ သူမရဲ့ ထိုသို့​ပြုမူတိုင်း ဘယ်သူမှသူမကိုမလွန်ဆန်ကြပေ။

Host - " မိန်းကလေးလန်..... ကျွန်တော်ဖို့ကောမပါဘူးလားဟင် "

^^ လုပ်ပြန်ပြီ...ငါကျမဖိတ်ဘူး...ကွက်ကျားမိုးတွေရွာနေတာ....ဇာတ်လိုက်မက....ကွက်ကျားကြီးပဲ ^^

သွဲ့ဟန် ဇာတ်လိုက်မကို ရှီးအာလို့မခေါ်ရဲပေ၊ တော်ကြာသဝန်တိုလွန်းသော ဇာတ်လိုက်ကြောင့် သူ့အစီအစဥ်တွေအပျက်မခံနိုင်ပေ။

six တစ်ယောက် သူ့host ရဲ့ အရှက်မရှိပုံကို လက်လန်နေသည်။ ဟိုက မလာစေချင်လို့မဖိတ်တာကို အရှက်မရှိချက်။

ထိုက်ယန်ရှန့် - " ဟုတ်သားပဲ.... သွဲ့သွဲ့အတွက်ဖိတ်စာကော... "

ယန်ရှန့် သွဲ့သွဲ့ကို ထိုမိန်းကလေးအနားကပ်တာမမြင်ချင်ပေမယ့် သူကတော့ရပြီး သွဲ့သွဲ့ကမရဘူးဆိုရင် ထိုအရာကို ယန်ရှန့်မလိုချင်ပေ။ယန်ရှန့် မိဘတွေက ယန်ရှန့်နဲ့သွဲ့သွဲ့ကိုတန်းတူချစ်ကြပြီး တန်းတူဆက်ဆံသည်။ယန်ရှန့် နဲ့ သွဲ့သွဲ့ ငယ်ငယ်ကဆိုရင် အရုပ်ဝယ်ရင်လည်း ညီတူညီမျှပင် ၊ ဘယ်အရာမဆိုညီတူဖြစ်သည်။ ယန်ရှန့် သွဲ့သွဲ့နဲ့ ထိုသို့မျှသုံးရသည်ကိုသဘောကျသည်။ ဥပမာ-အိပ်တာတို့၊ ရေချိုးတာတို့ပင်၊ ခုနောက်ပိုင်း သွဲ့သွဲ့က ရေချိုးလျှင်အတူမချိုးရဆိုသည့်အမိန့်ကြောင့် ယန်ရှန့် သွဲ့သွဲ့ကို အတော်ကြာစိတ်ကောက်ခဲ့ဖူးသည်။
ဒါပေမယ့်လည်း အချည်းအနှီးပင် သွဲ့သွဲ့ရေချိုးရင် ယန်ရှန့်အပြင်ထွက်ရမြဲပင်။

system one o six(106) S -1 ( Z &U )Where stories live. Discover now